လီဗာပူးလ်နည်းပြ အာနယ်ဆလော့က မိမိတို့အသင်းအနေဖြင့် အကောင်းဆုံးပုံစံကို မရသေးကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈) အပြီးတွင် (၇) ပွဲနိုင်၊ (၁) ပွဲရှုံးရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၂၁) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။
လီဗာပူးလ်အသင်း၏ ခြေစွမ်းအပေါ် ချီးကျူးမှုများ ရှိနေသော်လည်း အသင်းနည်းပြ အာနယ်ဆလော့ကမူ ၎င်းတို့အသင်းအနေဖြင့် ယခုထက်ပိုမိုတိုးတက်လာနိုင်သေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆလော့က "ပွဲတိုင်း ရလဒ်ကောင်းအောင် တောင်းဆိုလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ တိုးတက်ဖို့အတွက်တော့ အမြဲတမ်းအခွင့်အရေး ရှိပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ ပွဲကို လွှမ်းမိုးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါက သေချာပါတယ်။ ချယ်လ်ဆီးက တောင် ကျွန်တော်တို့ထက် ပွဲကို ပိုပြီးလွှမ်းမိုးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်အသင်းက ပွဲကို လွှမ်းမိုးကစားတာကို မြင်ချင်တာပါ။ ဒါပေမဲ့ မန်ယူ၊ ချယ်လ်ဆီးတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ အသင်းကစားသမားတွေအနေနဲ့ စင်တီမီတာတိုင်း၊ အခိုက်အတန့်တိုင်း တိုက်ပွဲဝင်ကစားခဲ့ကြတာကို ခင်ဗျားလည်း မြင်ရမှာပါ။ အနာဂတ်မှာ ကျွန်တော်တို့အသင်းအနေနဲ့ ပွဲကို ပိုပြီးလွှမ်းမိုးကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် အာဆင်နယ်အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
