နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် မာရီနာကစ်သည် ဒိုင်လူကြီးများကို တံတွေးဖြင့်ထွေးသည် ဆိုသော စွပ်စွဲမှုဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ၏ ပွဲကြည့်ခွင့် (၅)ပွဲပိတ်ပင်ခံရသည့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
စက်တင်ဘာ (၂၈) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် နော်တင်ဟမ်ဖောရက်စ် (၀-၁) ဖူလ်ဟမ် ပွဲအပြီးတွင် ဥမင်လိုက်ခေါင်းအတွင်း၌ နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် မာရီနာကစ်သည် ဒိုင်လူကြီးများ လာသည့်အချိန်တွင် ကြမ်းပြင်ကိုတံ တွေးဖြင့် ထွေးခဲ့ခြင်းဖြစ်သည်။
မာရီနာကစ်က ၎င်းအနေဖြင့် ချောင်းဆိုးပြီးနောက် လည်ချောင်းယားယံသဖြင့် တံတွေးထွေးခဲ့ခြင်းသာဖြစ်ပြီး ဒိုင်လူကြီးများကို ရည်ရွယ်ခြင်းမရှိကြောင်း ရှင်းလင်းခဲ့သည်။
သို့သော် FA စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မာရီနာကစ်၏အပြုအမူမှာ ဒိုင်လူကြီးများအပေါ် မလေးစားရာရောက်ကြောင်း၊ ယင်းအတွက် ဆင်ခြေပေးစရာလိုကြောင်း၊ ကွင်းအတွင်း ရလဒ်ကို မကျေနပ်၍ ယခုကဲ့သို့ တုံ့ပြန်ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် မာရီနာကစ်မှာ ယင်းလုပ်ရပ်အတွက် ကြီးလေးသည့်ပြစ်ဒဏ်နှင့် ထိုက်တန်ကြောင်း ထုတ်ပြန်ခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်းသည် အသင်းပိုင်ရှင် မာရီနာကစ်၏ ပွဲကြည့်ခွင့်ပိတ်ပင်ခံရသည့် ပြစ်ဒဏ်အတွက် အယူခံဝင်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
