အာဆင်နယ်ဂန္ထဝင် တိုနီအဒမ်စ်က အသင်းဟောင်းဖြစ်သည့် အာဆင်နယ်အသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ရယူနိုင်လိမ့်မည်ဟု ထောက်ခံပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီတွင် နောက်ဆုံးအကြိမ် ရရှိခဲ့ပြီးနောက် ချန်ပီယံဆုနှင့်ဝေးကွာနေသည်မှာ နှစ်ပေါင်း (၂၀) ကြာမြင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အာဆင်နယ်အသင်းသည် အသင်းသက်တမ်း (၁၃၈)နှစ် ကျော်ကာလအတွင်း ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်တစ်ခါမှ ရယူနိုင်ခဲ့ဖူးခြင်း မရှိပေ။
သို့သော် တိုနီအဒမ်စ်က နည်းပြ အာတီတာ၏ အာဆင်နယ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ရယူရန် အသင့်ဖြစ်နေပြီဟု ယုံကြည်နေကြောင်းသိရသည်။ တိုနီအဒမ်စ်က စပါးအသင်းအား လှောင်ပြောင်ကာ အာဆင် နယ်အသင်းအတွက် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် မခက်ကြောင်း ပြောကြားခဲ့သည်။
တိုနီအဒမ်စ်က "ချန်ပီယံလိဂ်ဖလားကို ရယူဖို့ လူအင်အားကောင်းဖို့ လိုပါတယ်။ ၂၀၀၅ မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိတဲ့ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလား ရခဲ့သလို၊ ၂၀၁၉ မှာ စပါးအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့ပါတယ်။ စပါးတောင် ဗိုလ်လုပွဲတက်နိုင်တယ်ဆို အသင်းတိုင်း လုပ်နိုင်ပါတယ်။ ကံနည်းနည်းကောင်းဖို့ပဲ လိုတာပါ။ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ဖလားကိုပါရမှာပါ"ဟုဆိုခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈)အပြီး၌ ရမှတ်(၁၇) မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၃)တွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
