အာရှဘောလုံးအဖွဲ့ချုပ် (AFC) က စီစဉ်ကျင်းပသည့် ၂၀၂၄-၂၀၂၅ ရာသီ AFC Challenge Cup ပြိုင်ပွဲ အုပ်စုပွဲများကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂ ရက် အတွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ၂၀၂၃ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို အရှေ့အာရှဇုန်နှင့် အနောက် အာရှဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အရှေ့အာရှ ဇုန်တွင် သုံးသင်း နှစ်အုပ်စု၊ အနောက်အာရှဇုန်တွင် လေးသင်း သုံးအုပ်စု ပါဝင်မည်ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန် အုပ်စု (A) တွင် အရှေ့ဘင်ဂေါ (အိန္ဒိယ)၊ Nejmeg (လက်ဘနွန်)၊ ဘာရှန်ဟာရာ (ဘင်္ဂလားဒေ့ရှ်)၊ ပါရို (ဘူတန်)၊ အုပ်စု (B) တွင် အယ်လ်အာရာဘီ (ကူဝိတ်)၊ အာကာဘတ် (တာ့ခ်မင်နစ္စတန်)၊ မာဇီယာ (မော်လ်ဒိုက်)၊ အာဘာဒက်ရှ် (ကာဂျစ္စတန်)၊ အုပ်စု (C) တွင် အယ်လ်အာလီ (ဘာရိန်း)၊ အယ်လ်ဖိုတိုဝါ (ဆီးရီးယား)၊ အယ်လ်ဆီဘ် (အိုမန်)၊ ဟီလယ်လ် (ပါလက်စတိုင်း)၊ အရှေ့အာရှဇုန် အုပ်စု (D) တွင် ရှမ်းယူနိုက်တက် (မြန်မာ)၊ တိုင်နန်စီးတီး (တရုတ်တိုင်ပေ)၊ Young Elephant (လာအို)၊ အုပ်စု (E) တွင် မာဒူရာယူနိုက်တက် (အင်ဒိုနီးရှား)၊ Svay Rieng (ကမ္ဘောဒီးယား)၊ ဖယ်လ်ကွန် (မွန်ဂိုလီးယား) တို့ ပါဝင်နေသည်။ အနောက် အာရှဇုန်အုပ်စုပွဲများကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်၊ အရှေ့အာရှဇုန်အုပ်စု ပွဲများကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းပါဝင်သော အုပ်စု (D) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ အောက်တိုဘာ ၂၇ ရက်တွင် မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် လာအိုကလပ် Young Elephant အသင်း၊ အောက်တိုဘာ ၃၀ ရက်တွင် လာအိုကလပ် Young Elephant အသင်းနှင့် တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်း၊ နိုဝင်ဘာ ၂ ရက်တွင် မြန်မာကလပ် ရှမ်းယူနိုက်တက် အသင်းနှင့် တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအုပ်စုပွဲအားလုံးကို ညနေ ၄ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။
ခြေစစ်ပွဲကျင်းပမည့် ပုံစံနှင့် အုပ်စုအနေအထားအရ ရှမ်းယူနိုက်တက်အသင်းသည် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးရှိနေပြီး နိုင်ငံတကာကလပ် ပြိုင်ပွဲများတွင် ရလဒ်ဆိုးရွားနေမှုကို ယခုပြိုင်ပွဲတွင် အဆုံးသတ်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် လာအိုကလပ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် အုပ်စုအဖွင့်ပွဲတွင် နိုင်ပွဲရယူနိုင်ရန် လိုအပ်နေပြီး ယင်းပွဲအမှတ်ပြည့်ရပါက နောက်တစ်ဆင့်တက်ရောက်နိုင်ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အရှေ့အာရှဇုန် အုပ်စုနှစ်ခုတွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းစီ၊ အနောက်အာရှဇုန် အုပ်စုသုံးခုတွင် ထိပ်ဆုံးရပ်တည်မှုရ တစ်သင်းစီနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးတစ်သင်း စုစုပေါင်းရှစ်သင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း ကျင်းပမည်မဟုတ်ဘဲ အုပ်စုတစ်ခုကို အိမ်ရှင်နိုင်ငံ တစ်နိုင်ငံရွေးချယ်၍ တစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သော်လည်း ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့၊ ဗိုလ်လုပွဲကို တစ်ကျော့ကျင်းပမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ယခုရာသီမှစတင်ကာ အာရှအဆင့်ကလပ် ပြိုင်ပွဲ သုံးခုအထိ ပြန်လည်တိုးမြှင့်ကျင်းပမည် ဖြစ်သလို ယခင်က AFC President's Cup အမည်ဖြင့်ကျင်းပခဲ့သည့်ပြိုင်ပွဲကို AFC Challenge Cup ပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲ ကျင်းပခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် KBZ အသင်းအမည်ဖြင့် AFC President's Cup ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
