ယူအက်စ်အိုးပင်းချန်ပီယံ ဘီလာရုစ် တင်းနစ်မယ် ဆာဘာလန်ကာသည် အမျိုးသမီးတင်းနစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ပိုလန်တင်းနစ်မယ် ရှီအွန်တက်ခ်ထံမှ ကမ္ဘာ့အဆင့်တစ်နေရာကို လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။
၎င်းအနေဖြင့် ရှီအွန်တက်၏ ၁၁ လ ကြာ ထိပ်ဆုံးအဆင့်ရပ်တည်မှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ ဆာဘာလန်ကာ(၂၃ နှစ်) အနေဖြင့် ယခုနှစ် ဇန်နဝါရီတွင် သြစတြေးလျအိုးပင်း ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်တစ်နေရာသို့ ဒုတိယအကြိမ်မြောက် တက်လှမ်းခဲ့သည်။
၎င်းသည် ၂၀၂၃ စက်တင်ဘာလမှ နိုဝင်ဘာလအကြား ရှစ်ပတ်ကြာ ကမ္ဘာ့အဆင့်တစ်နေရာသို့ တက်လှမ်းခဲ့ဖူးသည်။ ပြီးခဲ့သည့်အပတ်က ထိပ်တန်းကစားသမားများ ပြိုင်ပွဲယှဉ်ပြိုင်မှု မရှိသော်လည်း ရှီအွန်တက်ခ်မှာ WTA 5000 ပွဲစဉ် ခြောက်ပွဲဆက် ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ရမှတ်များ ဆုံးရှုံးခဲ့ပြီး နေရာဖယ်ပေးခဲ့ရခြင်းဖြစ်သည်။
ဆာဘာလန်ကာသည် စက်တင်ဘာလအတွင်းက ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲပြီးကတည်းက ပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းမရှိ ဖြစ်ခဲ့ပြီး သူ၏ကြံ့ခိုင်မှုအနေအထားကြောင့် အာရှတွင်ကျင်းပသည့် WTA ပွဲစဉ်များကိုလည်း လွဲချော်ခဲ့သည်။ လက်ရှိ အမျိုးသမီးတင်းနစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဆာဘာလန်ကာက ရမှတ်ပေါင်း ၉၇၀၆ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ရှီအွန်တက်ခ်(၉၆၆၅ မှတ်)ကို ၄၁ မှတ်သာ ဖြတ်ထားလျက်ရှိကြောင်း သိရသည်။
ပိုလန်တင်းနစ်မယ် ရှီအွန်တက်ခ်အနေဖြင့် ယခုနှစ်အတွင်း ကမ္ဘာ့အဆင့်တစ်နေရာသို့ ပြန်လည်တက်လှမ်းရန် အခွင့်အရေးရှိနေပြီး WTA Finals ပြိုင်ပွဲတွင် ရလဒ်ကောင်းရန် လိုအပ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
