မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီ ရာသီဝက်အပြောင်းအရွှေ့ကာလကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ထားပြီး ကလပ်အသင်းအချို့မှာ အပြောင်းအရွှေ့ စျေးကွက်မပိတ်မီ ကစားသမားသစ် ထပ်မံခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
MNL ပြိုင်ပွဲဝင် ၁၂ သင်းအနက် အသင်း တိုင်းနီးပါး ကစားသမားသစ်များ ခေါ်ယူအားဖြည့်ခဲ့ပြီး အသင်းအချို့မှာမူ နိုင်ငံခြားသား ကစားသမားများ ခေါ်ယူအားဖြည့်လျက်ရှိသည်။ ရာသီဝက်အပြောင်းအရွှေ့ ကာလတွင် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်အသင်းတို့မှာ နိုင်ငံခြားသားကစားသမားသစ်များ အင်အားဖြည့်တင်းခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းမှာလည်း စျေးကွက်မပိတ်မီ နိုင်ငံခြားသားကစားသမား ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ယခုရာသီ MNL အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် (၁၂) အပြီးထိ နိုင်ငံခြားသား ကစားသမားအသုံးပြုနေသည့် အသင်းအရေအတွက် လေးသင်းသာရှိပြီး ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ မဟာယူနိုက်တက်နှင့် Dagon Port အသင်းသာ အသုံးပြုနေခြင်း ဖြစ်သည်။ နာမည်ကြီး ရန်ကုန်ယူနိုက်တက် အသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နိုင်ငံခြားသားကစားသမား မပါဝင်ဘဲ လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ရာသီဝက်အပြောင်းအရွှေ့ စျေးကွက်မပိတ်မီ ခေါ်ယူပါက ယခုရာသီတွင် နိုင်ငံခြားသား ကစားသမားအသုံးပြုသည့်အသင်း ငါးသင်း အထိ ရှိလာမည်ဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် ရာသီကြိုအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များစွာ အားဖြည့်ခဲ့သလို ရာသီဝက်အပြောင်းအရွှေ့ကာလတွင်လည်း ပြည်တွင်း၊ ပြည်ပကစားသမားသစ်များ ခေါ်ယူအားဖြည့်ထားကြောင်း သိရသည်။ ၂၀၂၀ ရာသီနောက်ပိုင်း MNL ကလပ်အသင်းများသည် ငွေသုံးစွဲမှု လျှော့ချလာသလို နိုင်ငံခြားသားကစားသမား မခေါ်ယူဘဲ ပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင်သည့်အသင်းအရေအတွက်လည်း များပြားလာသည်။
ထို့ပြင် နည်းပြချုပ်နေရာကိုလည်း ပြည်တွင်းနည်းပြများကိုသာ ခန့်အပ်လာပြီး နိုင်ငံခြားသားနည်းပြချုပ် ခန့်အပ်သည့် အသင်းအဖြစ် ပြီးခဲ့သည့်ရာသီတွင် ရန်ကုန် ယူနိုက်တက်အသင်း၊ ယခုရာသီတွင် ရှမ်းယူနိုက်တက်အသင်းသာရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
