လီဗာပူးလ်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က အသင်းဟောင်းအနေဖြင့် အင်္ဂလန် ညာနောက်ခံကစားသမား အာနိုးလ်အား ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်မည့်အစား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ထိုက်တန်သည့်ပြောင်းရွှေ့ကြေးရပါက ရောင်းထုတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
အသက် (၂၆) နှစ်အရွယ်ရှိ အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းကို ခေါ်ယူရန် ရေပန်းစားနေသည်။ လီဗာပူးလ်အသင်းသည် အသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သူ အာနိုးလ်အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း လက်ရှိအချိန်ထိ အဆင်မပြေဖြစ်နေကြောင်း သိရသည်။
လီဗာပူးလ်အသင်းအနေဖြင့် အာနိုးလ်အား ဒီဇင် ဘာမတိုင်မီ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိပါက ကစားသမားအနေဖြင့် လာမည့်ဇန်နဝါရီတွင် ပြည်ပကလပ်များနှင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဂလင်းဂျွန်ဆင်က လာမည့်ဇန်နဝါရီတွင် အာနိုးလ်အတွက် ထိုက်တန် သည့်ကမ်းလှမ်းမှုများရှိပါလာက ရောင်းထုတ်ရန် အသင်းဟောင်း လီဗာပူးလ်ကိုတိုက်တွန်း ခဲ့ခြင်းဖြစ်သည်။
ဂလင်းဂျွန်ဆင်က "လီဗာပူးလ်အနေနဲ့ အာနိုးလ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေမှာ သေချာပါတယ်။ လီဗာပူးလ်တာဝန်ရှိသူတွေ ခေါင်းမကောင်းမှပဲ အာနိုးလ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်ပါလိမ့်မယ်။ အာနိုးလ်က ဘယ်သူမှလက်လွှတ်ချင် မှာ မဟုတ်ပါဘူး။ အာနိုးလ် ထွက်မယ်ဆိုရင် လီဗာပူးလ်အနေနဲ့ ဇန်နဝါရီမှာ ရောင်းချသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
အာနိုးလ်အပြင် အသင်း၏အဓိက ကစားသမားဖြစ်သည့် အသင်းခေါင်းဆောင် ဗန်ဒိုက်နှင့် တိုက်စစ်ကစားသမား ဆာလာတို့မှာလည်း ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ဗန်ဒိုက်က လီဗာပူးလ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း အတည်ပြုထားသော်လည်း ဆာလာနှင့် အာနိုးလ်တို့မှာမူ စာချုပ်သစ်အတွက် အသင်းနှင့်ဆွေးနွေးမှုရှိ၊ မရှိ အတည်ပြုခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
