တပ်မတော်သည် နိုင်ငံ၏ အချုပ်အခြာတည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇန်နဝါရီ ၁၉ရက် နံနက်ပိုင်းတွင် လာအိုကာကွယ်ရေး ဝန်ကြီးရုံး၌ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရာ တွင်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့လာအိုပြည်သူ့ တပ်မတော်တည်ထောင်မှု နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားသို့ လာရောက်ပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်းနှင့် ကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ကောင်းမွန်လျက်ရှိပြီး ယခုကဲ့သို့ လာရောက်ခြင်းဖြင့် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံမိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံများဖြစ်ပြီး မိတ်ဆွေရင်း၊ ညီအစ်ကိုရင်း သဖွယ်ဆက်ဆံရေးကို အခြေခံ၍ ယခုကဲ့သို့ လာရောက်ရခြင်းဖြစ်ကြောင်း၊ လာအိုတပ်မတော်အနေဖြင့် နှစ်ပေါင်းများစွာ နိုင်ငံတော်အပေါ် သစ္စာရှိစွာတာဝန်ထမ်းဆောင်မှု သမိုင်းမှတ်တမ်းကို ရေးထိုးနိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ယူပါကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ပြည်တွင်း၊ ပြည်ပပြဿနာများစွာကို ဖြေရှင်းဆောင်ရွက်ရာတွင် လာအိုတပ်မတော်က ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရပါကြောင်း၊ ထို့အတူ မြန်မာ့တပ်မတော်သည်လည်း လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သကဲ့သို့ ယခုအချိန်အထိ နိုင်ငံ၏အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတူညီသည့်အတွက် အခက်အခဲများ ကိုနားလည်ပါကြောင်း၊ ထို့ကြောင့်တပ်မတော် နှစ်ရပ်အကြား အတွေ့အကြုံများဖလှယ်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လာအိုနိုင်ငံသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့သဖြင့် လာအိုနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကိုလည်း တွေ့ရှိရပါကြောင်း ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နယ်စပ်ဒေသကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် လာအိုနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုနိုင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ တက်ရောက်ကြပြီး လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးနှင့်အတူ လာအိုတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
