Top News

ချင်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပလက်ဝဘက်မှ ပင်လယ်ကူး သင်္ဘောများဖြင့် နိုင်ငံတကာသို့ ရောင်းချနိုင်သည့် အခြေအနေကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် လာရောက် လုပ်ကိုင်ကြရန် ရင်းနှီးမြှုပ်နှံသူများအား ပြည်နယ်ဝ
24htopnews | October 24, 2024 6:12 AM CST

ချင်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပလက်ဝဘက်မှ ပင်လယ်ကူး သင်္ဘောများဖြင့် နိုင်ငံတကာသို့ ရောင်းချနိုင်သည့် အခြေအနေများကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် လာရောက် လုပ်ကိုင်ကြရန် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ချင်း ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ ချင်းပြည်နယ် မှာ ဘာမှမလုပ်ရသေးတဲ့ သတ္တုတူး ဖော်ရှာဖွေရေး လုပ်ငန်းတွေ ရှိ တယ်။ ပြည်နယ်အတွင်းမှာပေါ့နော်။ စမ်းသပ်စစ်ဆေးမှုလည်းလုပ် ပြီးသားဆိုလို့ရှိရင် ခရိုမိုက်တို့၊ နီကယ်တို့၊  ကြေးနီရယ် စသည်ဖြင့်ပေါ့။ သတ္တုတွေထွက်ရှိတယ်။ အဲဒီလုပ်ငန်းတွေလည်းပဲ ဘယ်သူမှ လုပ်ကိုင်ခြင်း မရှိသေးတဲ့အတွက် အရင်ဆုံး နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ မယ့်သူ၊ နောက်ပြီး ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့် သူတွေကိုလည်းပဲ လာရောက်ပြီးတော့ ဒီသတ္တုလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်စေချင်တယ်” ဟု ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။

ချင်းပြည်နယ်၌ ရင်းနှီးမြှုပ်နှံ လိုသူများအတွက် ရရှိနိုင်မည့်အခွင့် အလမ်းများနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စိုက်ပျိုးမွေးမြူရေးမှာလည်း အထူးသဖြင့် မားကက်ကောင်း ကောင်းရှိတဲ့နေရာဖြစ်တဲ့အတွက် စိုက်လို့ပျိုးလို့ ကောင်းတဲ့ရာသီဥတု ကလည်းရှိနေတယ်။ သစ်သီးဝလံ မျိုးစုံလည်းစိုက်လို့ရတယ်။ သဘာဝ အခြေအနေအရ မိုးရာသီ မိုးရေလုံ လောက်တဲ့ ဒေသတွေဖြစ်တဲ့အ တွက် သစ်သီးဝလံပေါင်းစုံ၊ ပန်းမျိုးစုံ စိုက်လို့ရပြီးတော့ အဲဒီဟာ လေးတွေလည်း ဖြန့်ဖြူးရောင်းချဖို့ အခုအချိန်မှာ ကျွန်တော်တို့က လေ ယာဉ်ကွင်းလည်း တည်ဆောက်နေ တယ်။ လေယာဉ်ကနေတစ်ဆင့် သော်လည်းကောင်း၊ ပလက်ဝဘက် ကနေပြီးတော့ ပင်လယ်ကူးသင်္ဘော နဲ့ နိုင်ငံတကာကို ရောင်းချနိုင်တဲ့ အခြေအနေတွေလည်း ရှိလာပြီဖြစ်တဲ့အတွက် ဒီကိစ္စတွေမှာ ပိုပြီးတော့ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်သင့်တယ်” ဟု ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က တိုက်တွန်းခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့်အစပ် ချင်းပြည်နယ်အရှေ့ဘက် တောင်ကြောတစ်လျှောက် ကြေးနီနှင့် ခရိုမိုက်သတ္တု ထုတ်လုပ်နိုင်သည့် အလားအလာကောင်းများ ရှိနေသဖြင့် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ပြည်တွင်းလုပ် ငန်းရှင်များကို အဓိကထား ဖိတ်ခေါ်ကြောင်း ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ချင်းပြည်နယ်တွင် ပုဂ္ဂလိက ကဏ္ဍသည် ယခုမှ စတင်အားယူနေဆဲ အနေအထား ဖြစ်သော်လည်း ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးလာမှုအဖြစ် ထူးခြားစွာတွေ့ရှိရသည်မှာ ဒေသခံပြည်သူများ အနေဖြင့် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ ဆွေမျိုး၊ မိတ်ဆွေများ စုစည်း၍ဖြစ်စေ ကုမ္ပဏီများ တည်ထောင်လာကြခြင်း ဖြစ်သည်။

ယခင်က ချင်းပြည်နယ်ရှိ ဒေသခံများ အနေဖြင့် ကုမ္ပဏီများ တည်ထောင်၍ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု အလွန်နည်းပါးခဲ့သော်လည်း ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံ တော်အစိုးရ၏ တည်ဆောက်ရေး လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ချိန်မှစ၍ ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ဒေသခံငွေကြေး တတ်နိုင်သူများ အနေဖြင့် ကုမ္ပဏီထူထောင် လာကြခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ချင်းပြည်နယ်တွင်း ဒေသခံများ တည်ထောင်သည့် ကုမ္ပဏီအရေအတွက်မှာ ဆယ်ဂဏန်းမျှသာ ရှိခဲ့သော်လည်း ၂၀၁၅ နှစ်ကုန်တွင် ၁၀၀ ကျော်ရှိလာပြီး ၂၀၁၇ ခုနှစ်ကုန်တွင် ၅၀၀ နီးပါးအထိ တိုးတက်များပြား လာခဲ့ကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။         


READ NEXT
Cancel OK