Top News

မောင်တောမြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ်အား ARSA အကြမ်းဖက်အဖွဲ့က ချောင်းမြောင်း ပစ်ခတ်သဖြင့် ခြောက်ဦး ဒဏ်ရာရရှိ
24htopnews | October 24, 2024 6:12 AM CST

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ်အား ARSA အကြမ်းဖက်အဖွဲ့က ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် သဖြင့် ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် (၂) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါ လာသော မော်တော်ယာဉ်အား ဇန်နဝါရီ ၁၆ ရက်  မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မောင်တောမြို့နယ် ဝက်ကျိန်းကျေးရွာတံတားအနီး၌ ARSA အကြမ်းဖက်အဖွဲ့အင်အား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံ (ဘူးသီးတောင်) သို့ ပို့ဆောင်၍ ကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ မော်တော်ယာဉ် အား ARSA အဖွဲ့ တိုက်ခိုက်သည့်ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာ၌ ဇန်နဝါရီ ၁၉ ရက်တွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါဗွီဒီယိုဖိုင်တွင်   ARSA အဖွဲ့၏  လိုဂိုပါရှိကာ  မျက်နှာဖုံးဝတ်ထားသူ လက်နက်ကိုင်တစ်ဦးက သူတိုု့သည်  ARSA အဖွဲ့ကဖြစ်ပြီး ၂၀၁၉  ဇန်နဝါရီ ၁၆ ရက်နေ့ဖြစ်သည်ဟု ပြောဆိုထားသည်။

တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမှတ်(၂)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ခွဲမှ ရဲယာယီရဲမှူးကြီး တင့်လွင် (နောက် ကျောရှပ်ထိ၊ ဝဲလက်ဖျံဖောက်ဝင် ဒဏ်ရာတစ်ချက်)၊  ရဲမှူး သိန်းသန်းထိုက် (ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာတစ်ချက်)၊ ရဲတပ်ကြပ်သိန်းဦး (ဝဲခြေမျက်စိ ဖောက်ဝင်ဒဏ်ရာတစ်ချက်)၊ ရဲတပ်သား မိုးဝင်း (ဝဲပေါင်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာ တစ်ချက်) တို့သည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးအထူးကုဆေးရုံ၊ ကုတင် ၅၀၀ တွင် ဆေးကုသမှုခံယူလျက်ရှိပြီး  အမှတ်(၁)နယ် ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ ရဲတပ်သား မျိုးကျော်လွင်တွင် ပါးစပ်ဖောက်ဝင် အောက်မေးပြုတ် ဒဏ်ရာရရှိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်အသက်ကယ် ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် AA လက်နက်ကိုင်အဖွဲ့မှ ရခိုင်ပြည်နယ်၊ ဝက်ကျိန်း(မြို)ရွာတံတားအနီး လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာဖြစ်သော ရဲဇာနည်မှ ဇန်နဝါရီ ၁၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK