ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု အလယ်ချောင်းရွာအနီး၌ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားသဖြင့် အလယ်ချောင်းကျေးရွာမှ တစ်ရွာသားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။
အလယ်ချောင်းကျေးရွာတွင် အိမ်ခြေ ၄၃ ဆောင်မှ လူဦးရေ ၂၆၀ ကျော်သည် ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရသည်။
အလယ်ချောင်းကျေးရွာမှ ထွက်ပြေးလာသူ ကိုကျော်ကျော်နိုင်က “ဒီကနေ့မနက် ၈ နာရီ မှာ ကျွန်တော်တို့ရွာနားမှာ တိုက်ပွဲဖြစ်လာလို့ ရွာထဲထိ ကျည်ဆန်တွေကျလာလို့ ကြောက်လန့်ပြီး တစ်ရွာလုံး ထွက်ပြေးကြတာပါ။ ကလေး သက်ကြီးရွယ်အိုတွေပါ ထွက်ပြေးကြရတာပါ။ အခု သရက်ပြင်ဘုန်းကြီးကျောင်းမှာ ရောက်နေကြပါတယ်။ အရင်နေ့တွေက လက်နက်ကြီးသံတွေကို ကြားရပေမယ့် ရွာနဲ့ဝေးပါတယ်။ ဒီကနေ့မှာတော့ ရွာနားမှာ လက်နက်ကြီးသံရော လက်နက်ငယ်သံရော တရစပ်ကြားလာရတော့ ပြေးကြရတာပါ။ အခုရောက်နေတဲ့သရက်ပြင်ရွာက ကျွန်တော်တို့အလယ်ချောင်းရွာနဲ့ တစ်မိုင်ကျော်လောက် ဝေးပါတယ်။ အခုတော့ အသံတွေ မကြားရပါ။ ဒါပေမဲ့ တစ်ချက်တစ်ချက် ထပ်ကြားရပါတယ်။ ကလေးတွေ အမျိုးသမီးတွေက တအားကြောက်တော့ စိုးရိမ်ရပါတယ်။ အခုတော့ ဘာမှမရှိသေးဘူး။ လိုအပ်ချက်တွေက အများကြီးပါ။ ကျွန်တော်တို့ရွာမှာ အိမ်ထောင်စု ၄၃ စု လူဦးရေ ၂၆၃ ဦးဖြစ်ပါတယ်” ဟု မွန်းတည့် ၁၂ နာရီခန့်က ပြောကြားသည်။
အဆိုပါ အလယ်ချောင်းတစ်ရွာလုံးရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ ကလေးငယ်များပါမကျန် နေရပ်စွန့်ခွာသူများသည် သရက်ပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ခိုလှုံနေကြကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
