ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များသည် လီဗန်တေးအသင်းအား (၁-၂) ဂိုးဖြင့်ရှုံးနိမ့်သည့်ပွဲစဉ်အပြီးတွင် အသင်းကို အပြောင်းအလဲများပြုလုပ်ရန် တောင်းဆိုခဲ့ကြကြောင်းသိရသည်။
အောက်တိုဘာ (၂၀) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၂) လီဗန်တေးပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် သမိုင်းတစ်လျှောက် ဂိုးပေါက်ပျောက်ဆုံးမှုအကြာဆုံး စံချိန်ကိုပါရရှိခဲ့ပြီး ပြိုင်ပွဲစုံ (၅) ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အဆိုပါပွဲစဉ်တွင် ပွဲချိန် (၇၂) မိနစ်၌ မာဆယ်လိုဂိုးမသွင်းမီ (၄၈၁) မိနစ်ကြာဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ၁၉၈၅ ခုနှစ်က (၄၆၄) မိနစ်ကြာဂိုးပေါက်ပျောက်ဆုံးခဲ့သည့် စံချိန်ကိုပါ ကျော်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်အပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းပရိသတ်များက လူမှုကွန်ရက်များတွင် အသင်းအနေဖြင့် အပြောင်းအလဲပြုလုပ်ရန်မဖြစ်မနေလိုအပ်နေပြီဖြစ်ကြောင်းနှင့် ယခင်ရီးယဲလ်မက်ဒရစ်အသင်းကို ပြန်လည်မြင်တွေ့လိုကြောင်းရေးသားခဲ့ကြသည်။
ယခုကဲ့သို့ ရလဒ်များဆက်တိုက် ဆိုးရွားနေခြင်းကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီ၏ အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့ပြီး ချယ်လ်ဆီးနည်းပြဟောင်းကွန်တီကို ၄င်းနေရာတွင် အစားထိုးရန်စီစဉ်နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ ပွဲစဉ် (၅) ပွဲတွင် အက်သလက်တီကိုအသင်းနှင့် သရေကျခဲ့ပြီး ကျန်ပွဲစဉ် (၄) ပွဲစလုံးရှုံးနိမ့်ခဲ့ပြီး သွင်းဂိုး (၁) ဂိုးသာရရှိခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
