တိုက်ပွဲကြောင့်နေရပ်စွန့်ခွာရသည့် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ ကျောင်းသူကျောင်းသား၂၀ ကျော် စာမေးပွဲလာေရောက်ဖြေဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။
ချောင်းတူ ကျောင်းအုပ်ဆရာကြီး ဦးဘိုအောင်ခင်က “မနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) က စာမေးပွဲနောက်ဆုံးနေ့မှာ ကလေးတွေကို ပုံမှန်အတိုင်း စာမေးပွဲစစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ပျက်ကွက်သူတွေ ရှိခဲ့ပါတယ်။ ကွမ်းတောင်၊ ကျောက်တော်ဘက် ရောက်သွားတဲ့သူတွေက လာမဖြေနိုင်ကြဘူး။ အနီးအနား ယိုးတရုတ်ဘက်တို့ကို ရောက်သွားတဲ့ကလေးတွေကိုကျတော့ ဖုန်းဆက်ခေါ်ပြီး စစ်ဆေးပေးခဲ့ပါတယ်။ အခုစာမေးပွဲကို မဖြေဆိုလိုက် သူတွေကိုလည်း နောက်ရက်တစ်ရက် သတ်မှတ်ပြီး စာမေးပွဲစစ်ဆေးဖို့ လုပ်ပေးမှာဖြစ်ပါတယ်။ မနေ့က စာမေးပွဲစစ်ဆေးတဲ့ အတန်းတွေက ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းတွေ ဖြစ်တယ်။ ပထမနေ့တွေကဆိုရင် တစ်တန်းက တစ်ယောက်စီပျက်ကွက်ရှိတယ်။ ဒါပေမဲ့ မနေ့ကတော့ ခုနစ်တန်းက ခြောက်ယောက်ထပ်ပျက်တယ်။ ခြောက်တန်းက ကိုးယောက် နဲ့ ငါးတန်းက ၁၀ ယောက် ထပ်ပျက်ကွက်ပါတယ်။ ကလေးတွေ စာမေးပွဲပျက်ကွက်ရတာကိုလည်း မြို့နယ်ရုံးကတစ်ဆင့် တင်ပြထားပါတယ်။ တပ်မတော်ကတော့ အဝင်အထွက် စစ်ဆေးတာရှိတယ်။ ဆရာ၊ ဆရာမတွေကိုတော့ ကြည်ကြည်ဖြူဖြူပါပဲ။ ရွာမှာ စစ်ဆေးတာတော့ရှိခဲ့တယ်” ဟု ပြောကြားသည်။
စာမေးပွဲစစ်ဆေးရန် ဖုန်းဖြင့်ကျေးရွာအုပ်ချုပ်ရေးမှူးက ခေါ်သော်လည်း ကျေးရွာအတွင်း စစ်သားများရှိနေသည့်အတွက် ကျောင်းသားမိဘများက စိုးရိမ်ကာ နေရပ်မပြန်ခဲ့ကြောင်း နေရပ်စွန့်ခွာလာသူများက ပြောကြားသည်။
“ကလေးတွေကို စာမေးပွဲစစ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဖုန်းဆက်ခေါ်တယ်။ ဒါပေမဲ့ ကျောင်းသားမိဘတွေကကြောက်လို့ ရွာမပြန်ရဲကြဘူး။ ရွာမှာ စစ်သားတွေရောက်နေလို့ စိုးရိမ်လို့ မပြန်ကြဘူး” ဟု ယိုးတရုတ်ကျေးရွာတွင် ခိုလှုံနေသည့် ချောင်းတူကျေးရွာမှနေ ရပ်စွန့်ခွာလာသူ ဒေါ်မဌေးဝင်းက ပြောကြားသည်။
နေရပ်စွန့်ခွာသွားသည့်အတွက် စာမေးပွဲ လာရောက်မဖြေနိုင်ခဲ့သည့် ကျောင်းသူကျောင်းသားများကို ဒေသတည်ငြိမ်သည့် အခါစာမေးပွဲပြန်လည်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။
တိုက်ပွဲကြောင့် ကြောက်လန့်ကာ ကျေးရွာမှထွက်ပြေးနေသည့် မိသားစုများတွင်ကလေးငယ်များ၊ ကျောင်းသူကျောင်းသားများ နှင့် အမျိုးသမီးများပါဝင်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာနှင့် ချောင်းတူကျေးရွာအကြား တောင်တန်း၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီကျော်က စတင်ကာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေသဖြင့် လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသည့် ချောင်းတူကျေးရွာသားသုံးပုံနှစ်ပုံခန့် ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့က ချောင်းတူကျေးရွာ၌ နေအိမ်များကို အိမ်ထောင်စု လူဦးရေစာရင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းတူကျေးရွာမှ နေရပ်စွန့်ခွာသူအများစု ခိုလှုံရောက်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် လူဦးရေတိုးလာကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် အိမ်ထောင်စု ၉၁ စု၊ ကျား ၁၃၅ ဦး ၊ မ ၂၀၇ ဦး စုစုပေါင်း ၃၄၂ ဦးအထိ ရောက်ရှိခိုလှုံနေကြောင်း သိရသည်။
“ဒီနေ့မှာတော့ ရွာမှာ အေးအေးဆေး ဆေးဖြစ်သွားပါပြီ။ စစ်တပ်လည်း မရှိတော့ဘူး။ ဒါပေမဲ့ တချို့ရွာသားတွေက ပြန်လာကြသလို အများစုကတော့ မပြန်ကြသေးပါဘူး။ ကျွန်တော်လည်း ယိုးတရုတ်ကို ရောက်နေပြီး ရွာသားတွေကိုပြောပြနေပါတယ်။ ပြန်လာဖို့ လူတွေလည်းရှိပါတယ်။ မနေ့က ရွာကနေ အိမ်တွေကို တပ်နဲ့ရဲက စစ်ဆေးရှာဖွေရာမှာလည်း ရွာအထောက်အကူပြုတစ်ဦးပါမှ နေအိမ်တွေကို တက်ရှာကြတာပါ။ အပျောက်အရှလည်း မရှိဘူး။ အေးအေးဆေးဆေးပါပဲ” ဟု ချောင်းတူကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
