ယိုယွင်းပျက်စီးလာသော တောင်နဝင်းရေလှောင်တမံအား ဆက်လက်အသုံးမပြုရန် ပေါက်ခေါင်းမြို့တွင် ဒေသခံ ၁၀၀၀ နီးပါခန့်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းရေလှောင်တမံအခြေရှိ ရပ်သစ်ရွာမှ စတင်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး အရေးပေါ်စိုးရိမ်မှုအခြေအနေရှိသည့် ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများပါဝင်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
“ တောင်နဝင်းရေရေလှောင်တမံကြီးက သက်တမ်းအရသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း အက်ကွဲနိမ့်ကျမှုတွေဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ပြည်သူလူထုက စိုးရိမ်မှုတွေဖြစ်နေတယ်။ ဒီအပေါ်ကျွန်တော်တို့က တို်င်းဒေသကြီးအစိုးရ၊ တိုင်းလွှတ်တော် လုပ်ဆောင်မှုကို ကျေနပ်တယ်။ ပြည်ထောင်စုအဆင့်လုပ်ဆောင်မှုကိုလည်း ကျေနပ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာပြည်သူတွေရဲ့အခန်းကဏ္ဍပျောက်နေတယ်။ ပြည်သူအသံကြားမှလည်း အစိုးရကထည့်သွင်းစဉ်းစားလို့ရမယ်။ ဒါက ဒီမိုကရေစီမှာလည်းဒီလိုပဲလို့မြင်တယ်။ ဒါကြောင့် ပြည်သူ့အသံကိုဖော်ထုတ်တောင်းဆိုတဲ့ပွဲလည်းဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်သူတစ်ဦးဖြစ်သည့် မြို့ခံကိုစံလင်းကပြောကြားသည်။
ရပ်သစ်ကျေးရွာနှင့် အမှတ်(၁) ရပ်ကွက်ကြား ခရိုင်ချင်းဆက်လမ်းဆုံမှ ပေါက်ခေါင်းမြို့လယ်လမ်းမကြီးအတိုင်း စျေးအနီး ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် တောင်နဝင်းဆည်နှင့်ပတ်သက်၍ ရပ်ရွာအေးချမ်းသာသာရေး၊ အနာဂတ်မျိုးဆက်အတွက် တောင်နဝင်းဆည်အား ဆက်လက်အသုံးမပြုရေး၊ ဖာထေးဖြတ်ဆက်ပြင်ဆင်သုံးစွဲခြင်း အလိုမရှိ၊ စသည့် ဆိုင်းဘုတ်ပိုစတာများကိုကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
“ဆည်ကြီးများကျိုးကျလာခဲ့ရင် ရပ်ကွက်ငါးခုနဲ့ကျေးရွာ ၂၇ ရွာ လူဦးရေသောင်းချီပြီး ဧကများစွာမှာ ဒီဆည်ကြီးပေါက်ကျခဲ့ရင် အတော်ဆုံးရှုံးကုန်မဲ့အနေအထားပါ။ ဒီဆည်ကဆည်ရေသောက်ကိုလည်း ပေါက်ခေါင်းကအနည်းဆုံးသာရပြီး ဆည်ဆောက်စဉ်ကဘဝပျက်လိုက်တာက ကျေးရွာ ဆယ့်ငါးရွာလောက်ရှိတယ်။ ဒါကဘဝပျက်ပြီးသားပါ။ ဒီဆည်ကြီးသာကျိုးကျခဲ့ရင် ဒီထက်မကပိုပြီးပျက်စီးတော့မှာ ဖြစ်တယ်။ ဒါကိုပြည်သူလူထုက အရိမ်းစိုးရိမ်နေကြတယ်” ဟု ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်ခဲ့သူ ပေါက်ခေါင်းမြို့ခံ ကျောင်းဆရာဟောင်းဦအောင်မြင့်စိန်ကပြောကြားသည်။
တောင်နဝင်းရေလှောင်တမံမှာ ငလျင်လှုပ်ခတ်မှုများကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်ခန့်မှစတင်ကာ တမံပေါင်မိုင်တိုင်အမှတ် ပေ ၆၀၀၀ နှင့် ၆၁၀၀ ကြားတွင် တမံမျက်နှာပြင် တစ်ပေခန့်နိမ့်ကျခြင်း၊ အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ကာ ပညာရှင်များနှင့်စမ်းသပ်တိုင်းထွာခြင်း ဘူမိဗေဒနည်းဖြင့် စမ်းသပ်ခြင်း လွန်တွင်းတူးခြင်းများ ပြုလုပ်နေရပြီး စမ်းသပ်နေဆဲအချိန်တွင် တမံတာပေါင်အုတ်ရိုး ပိုမိုအက်လာခဲ့ကာ တမံမျက်နှာပြင်မှာလည်း ခြောက်လက်မခန့် ထပ်မံနိမ့်ကျခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
