Top News

ဂေါဝေးမြို့တော်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းထားသည့် လွတ်လပ်ခွင့်ဆုကို ပြန်လည်ရုပ်သိမ်း
24htopnews | October 24, 2024 9:12 AM CST

အိုင်ယာလန်မှ ဂေါဝေးမြို့ မြို့တော်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား အပ်နှင်းထားသည့် မြို့တော်၏ လွတ်လပ်ခွင့်ဆုကို ပြန်လည်ရုပ်သိမ်းရန် ဖေဖော်ဝါရီ ၁၁ ရက်တွင် မဲခွဲဆုံးဖြတ်ရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင် လူနည်းစုအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မပြုခြင်းဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကြံရာပါဖြစ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဂေါဝေးမြို့တော်လွတ်လပ်ခွင့်ဆု ချီးမြှင့်ရန် မြို့တော်ကောင်စီဝင်များက တညီတညွတ်တည်း မဲပေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်  ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနှင့်  ဒီမိုကရေစီရေး ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် ချီးမြှင့်ခဲ့သော ဂုဏ်ပြုမှုဖြစ်သည်။

အဆိုပါဆုကို ဒေါ်အောင်ဆန်းစုကြည်က လူကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်း မရှိသော်လည်း သူ၏ကိုယ်စား ဆွေးမျိုးတစ်ဦးက လက်ခံရယူခဲ့သည်။

သို့သော် Rohingya Action Ireland  ဟူသော အဖွဲ့မှ အဖွဲဝင်များက မကြာသေးမီ နှစ်များအတွင်း ထောင်ပေါင်းများစွာသော လူများအပေါ် ဆက်ဆံမှုနှင့် ၎င်းတို့ ထွက်ပြေး ခဲ့ရမှုတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အကြား ဆုကိုပြန်လည် ရုပ်သိမ်းရန် လှု့ံဆော်ကြိုးပမ်းနေခဲ့ကြသည်။

လက်ခံရယူထားသူထံမှ ဆုကို ပြန်လည်ဖယ်ရှားရန် ဒေသခံအစိုးရ၌ ကြိုတင်ပြဋ္ဌာန်းထားသော ဥပဒေမရှိသော်လည်း မြို့တော်ကောင်စီဝင်များသည် မြို့တော်၏ လွတ်လပ်ခွင့်ဆု အာမခံချက်ကို ပထမဆုံး နေရာ၌ပင်လျှင် ရုပ်သိမ်းနိုင်သည့်အာဏာ ရှိနေသည်။  

ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် မြို့တော်ကောင်စီ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် ၁၃ ဦးက ယခုကဲ့သို့ ရုပ်သိမ်းရန် မဲပေးခဲ့ကြခြင်း ဖြစ်သည်။

ဖိုင်းဂေယယ်မှကောင်စီဝင် ဖရန့်ဖေးက ဂေါဝေးကို ကမ္ဘာ့မြေပုံပေါ်၌ ရှာဖွေရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး မြို့တော်၏လွတ်လပ်ခွင့်ဆုကို ပြန်လည်ရုပ်သိမ်းခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် လွန်စွာခြားနားမှု  ဖြစ်စေလိမ့်မည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

လွတ်လပ်သောကောင်စီဝင် ကောလက်ကွန်နိုလီက စတင်ထူထောင်ပြီးကတည်းက ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်ခံခဲ့ရသော ပုဂ္ဂိုလ်များ စာရင်းတစ်ခုလုံးကို မြို့တော်ကောင်စီအနေဖြင့် ပြန်လည်သုံးသပ်ခြင်း ရှိ၊ မရှိ သိလိုသည်ဟု ပြောကြားခဲ့သည်။

သူက ၁၉၈၄ ခုနှစ်တွင် အမေရိကန်သမ္မတ ရော်နယ်ရီဂင်အား ဂေါဝေးလွတ်လပ်ခွင့်ဆု ချီးမြှင့်ခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိုးရိမ်မှုများကို မြင့်တက်စေခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဝန် နီအောမက်နေးလစ်က မြို့တော်၏ လွတ်လပ်ခွင့်ဆုကို ပြန်လည်ရုပ်သိမ်းခြင်းသည် ဒေသဆိုင်ရာအာဏာပိုင်များ ဆောင်ရွက်ရန် ခြေလှမ်းအသစ်တစ်ရပ် ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် သူက ယခုဆောင်ရွက်ချက်သည် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တို့နှင့်  သွေးစည်းညီညွတ်မှုကို ပြသနိုင်လိမ့်မည်ဟု ဆိုသည်။

မြန်မာတပ်မတော်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်သော တိုက်ရိုက်ရလဒ်အဖြစ် ဘင်္ဂါလီမွတ်စလင် ၆၀၀၀ ကျော် အသတ်ခံရပြီး သိန်းနှင့်ချီသော အခြားသူများနေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု  ဆုရုပ်သိမ်းရေး လှုပ်ရှားသူများက ဆိုသည်။

အန္တရာယ်ရှိနေသူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် ကြားဝင်ဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ပျက်ကွက်မှုကို အလွန်အရေးကြီးသော အချက်အဖြစ် ၎င်းတို့က ဖော်ပြခဲ့ကြသည်။

Rohingya Action Ireland အဖွဲ့မှ ဟိုက်ကယ်မန်ဆာက ကောင်စီ၏ မဲပေးဆုံးဖြတ်ချက်သည် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဂေါဝေးပြည်သူများက ဂုဏ်ပြုခြင်း နှင့် သည်းခံခြင်း ပြုလိမ့်မည်မဟုတ်ကြောင်း  ကမ္ဘာကြီးအား မက်ဆေ့ချ်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ သက်ရောက်မှုအား လျစ်လျူပြုနိုင်သည်ဟူသည့်အချက်ကို သတိပြုမိသော်လည်း ယခုကဲ့သို့သော ပိတ်ဆို့မှုဆိုင်ရာ ပေါင်းစည်းရလဒ်က နိုင်ငံတကာအသိုင်းအဝိုင်းသည် ဖြစ်ရပ်များကို စောင့်ကြည့်နေပြီး မနှစ်မြို့ဖွယ်ရာများကို မှတ်တမ်းတင်နေကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။                  

Ref ; RTE


READ NEXT
Cancel OK