နိုင်ငံတစ်ဝန်း D-1 လိုင်စင် ခွင့်ပြုပေးထားသော အရက်ချက်စက်ရုံ ၇၀ တွင် ရေဆိုးသန့်စင်စနစ် တပ်ဆင်ခြင်းမရှိသည့် စက်ရုံ ၃၅ ရုံရှိကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားသည်။
ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ၂/၂၀၁၉ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကွင်းဆင်း စစ်ဆေးရေးကော်မတီများရဲ့ စစ်ဆေးတင်ပြချက်အရ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှာ ခွင့်ပြုထားတဲ့ D-1 လိုင်စင် အခု ၇၀ မှာ ရေဆိုးသန့်စင် တပ်ဆင်ထားတဲ့ စက်ရုံအခု ၂၀၊ တပ်ဆင် ဆောင်ရွက်ဆဲ စက်ရုံ ၁၅ ခုနဲ့ တပ်ဆင်မှု မရှိတဲ့ စက်ရုံ ၃၅ ခုရှိကြောင်း သိရပါတယ်”ဟု ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားသည်။
အရက်ချက်စက်ရုံများ၏ ရေဆိုးစွန့်ပစ် စနစ်တပ်ဆင်မှုနှင့် စွန့်ပစ် အရည်အသွေးအား အချိန်နှင့်တစ်ပြေးညီ တိုင်းတာစောင့်ကြပ် ကြည့်ရှုသည့်စနစ် တပ်ဆင်မှု အခြေအနေအား ကြီးကြပ်ရန်အတွက် ဦးစီးကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဦးဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့ ပါဝင်သောအဖွဲ့ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ကာ ယင်းစနစ်များ ဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးရန်အတွက် ကွင်းဆင်းစစ်ဆေးရေးကော်မတီကို သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်စွဲဖြင့် ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားသည်။
ဆက်လက်ပြီး အဆိုပါ ညွှန်ကြားချက်တွင် အရက်ချက်စက်ရုံများ၌ ရေဆိုးသန့်စင်စနစ်နှင့် စွန့်ပစ်အရည်အသွေးအား အချိန်နှင့် တစ်ပြေးညီ တိုင်းတာစောင့်ကြပ် ကြည့်ရှုသည့် အကောင်အထည်ဖော်မည့် Action Plan ကို ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြစေ၍ ထုတ်လုပ်မှု စွမ်းအား၏ ရာခိုင်နှုန်း ၅၀ ကို စမ်းသပ် ထုတ်လုပ်ခွင့်ပြုသွားရန်၊ Action Plan အပေါ် ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးရေးကော်မတီမှ လစဉ်စစ်ဆေးရန်၊ လစဉ်တိုးတက်ခြင်း မရှိသော စက်ရုံများအား လည်ပတ်ခွင့် ရပ်ဆိုင်းထားရန်၊ အဆိုပါ System များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးထား၍ လုပ်ငန်း ဆောင်ရွက်ပြီးစီးခြင်း မရှိသော စက်ရုံများအား လိုင်စင်အပြီးပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ထို့ပြင် အရက်ချက်စက်ရုံ လုပ်ငန်းရှင်များမှ နည်းပညာ၊ ငွေကြေး၊ မြေနေရာ အခက်အခဲများကို အကြောင်းပြ၍ D-1 လိုင်စင် (အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်)မှ D-2 လိုင်စင် (အရက်ချက်စက်ရုံ ပိုင်ဆိုင်ခွင့်သာရှိပြီး ချက်လုပ်ခွင့် မရှိသည့်လိုင်စင်) သို့ လိုင်စင် အမျိုးအစားပြောင်းလဲ ခွင့်ပြုရန် တင်ပြလာမှု ၁၉ ခုရှိရာ ဦးစီးကော်မတီ အစည်းအဝေးသို့ တင်ပြဆွေးနွေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများ၏ သဘောထားမှတ်ချက်များ တောင်းခံထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ယစ်မျိုးလိုင်စင်များကို အရေအတွက် ကန့်သတ်ထားရှိရန် ညွှန်ကြားချက်အရ လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ ယစ်မျိုးလုပ်ငန်းများအား စိစစ်ကြပ်မတ်ရန် မေးမြန်းချက်များအပေါ် ဖြေကြား ကတိပြုချက်များအရ လည်းကောင်း၊ ယစ်မျိုးလိုင်စင်များကို နှစ်စဉ်အရေအတွက် လျှော့ချခွင့်ပြုလျက်ရှိသဖြင့် ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ယစ်မျိုးလိုင်စင်ရရှိရေး ခက်ခဲလျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများအရ ဖွံ့ဖြိုးတိုးတက်လာသော ဟိုတယ်၊ တည်းခိုရိပ်သာများအတွက် ယစ်မျိုးလိုင်စင်များ ခွင့်ပြုပေးမည်ဆိုပါက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးကိစ္စရပ်အနေဖြင့် ယစ်မျိုးလိုင်စင် ခွင့်ပြုပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညှိနှိုင်းလာမှုအရ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဖြေလျှော့ခွင့်ပြုပေးနိုင်ရေး တင်ပြခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
