ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ရေအများစု ပြန်ကျလာသော်လည်း ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောသည်။
“ရေကတော့ကျလာပါပြီ၊ ကျွန်မတို့ ဘုန်းကြီးကျောင်းက ပြန်လာပြီ။ ရေကျသွားတော့ အလှူရှင်လည်း နည်းသွားပြီလေ၊ အဲတော့ ရပ်ထားတဲ့ စီးပွါးရေးတွေ ပြန်မစနိုင်သေးခင် စားရေးသောက်ရေးအခက်အခဲကြုံနေရတယ်” ဟု အင်းဒေသခံ အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
ယခုရက်သတ္တပတ်အတွင်း ညောင်ရွှေမြို့သို့ သွားရောက်လှူဒါန်းခဲ့သည့် တောင်ကြီးမြို့ခံ ပရဟိတအသင်း၏ ပြောပြချက်အရလည်း အင်းလေးတွင် ရေဘေးအလွန်ကာလ စားသောက်ရေးအတွက် အခက်ကြုံနေရသည်ဟု ဆိုသည်။
“ရေကြီးကာစက ဘုန်းကြီးကျောင်းက ဒိုင််ခံကျွေးထားတာ၊ အခုအလှူရှင်နည်းသွားတော့ ဘုန်ကြီးကျောင်းမှာပါ ကျွေးစရာမရှိတော့ဘူး၊ ရပ်ထားတဲ့ စီးပွါးရေးတွေကလည်း ပြန်မစနိုင်သေးတော့ ငွေအခက်အခဲတွေဖြစ်နေကြတာ” ဟု အထက်ပါ အသင်းက ရှင်းပြသည်။
လက်ရှိတွင် သီတင်းကျွတ်ကာလ ရုံးပိတ်ရက်ရှည်၌ အင်းလေးဒေသသို့ လာရောက်လည်ပတ်သူများကြောင့် ဝင်ငွေအနည်းငယ်အဆင်ပြေကာ ရပ်ဆိုင်းထားရသည့် စိုက်ပျိုးရေး၊စီးပွါးရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် ကြိုးစားနေကြသည်ဟုလညိး သိရသည်။
သို့သော် အင်းလေးဒေသသည် ခရီးသွားအမှီပြုလုပ်ကိုင်ကြသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် လက်ရှိ သီတင်းကျွတ်အလွန်၌ ခရီးသွားပြန်လည်လျော့နည်းမှုကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများကိုလည်း စောင့်မျှော်နေရကြောင်း သိရသည်။
“ဈေးက ရေလုံးလုံးကျပြီးတာတောင် တော်တော်ကြာမှ ဖွင့်ကြမှာ။ နှုန်းမြေတွေရှင်းတာတောင် အချိန်တော်တော်ပေးရမှာ။ ဈေးပတ်သမားတွေလည်း နားကြတာပေါ့။ တခြားဈေး သွားရောင်းလည်း မကိုက်ဘူးလေ” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
အင်းလေးဒေသတွင် ယာဂီမုန်တိုင်း နောက်ဆက်တွဲအရှိန်ကြောစက်တင်ဘာလ ၁၁ ရက်မှ အောက်တိုဘာလအထိ ရေကြီးရေလျှံဖြစ်မှုဖြစ်ပွါးခဲ့ပြီး ရွာပေါင်း ၁၇၁ ရွာအထိ ရေဘေးသင့်ခဲ့ကာ အိမ်ခြေ သောင်းချီ ရေမြုပ်ပျက်စီးခဲ့ရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
