လူဒါဇင်ချီသေဆုံးကာ ရာချီ ထိန်းသိမ်းခံခဲ့ရသည့် လူထုဆန္ဒပြပွဲကို ထိန်းသိမ်းရာတွင် အကူအညီပေးရေးအတွက် ရုရှားဦးဆောင်သော စစ်သားများ ရောက်ရှိလာခဲ့သောကြောင့် ဇန်နဝါရီ ၆ ရက်က ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အယ်လ်မာတီ၏ လမ်းများတွင် သေနတ်သံများကို ကြားခဲ့ ရသည်။
ဆန္ဒပြသူများက အစိုးရအဆောက်အအုံအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် အယ်လ်မာတီမြို့၌ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ရာ ဗဟိုရင်ပြင်ဘက်မှ သေနတ်သံများ ကြားနေရ ကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူများ ကို ရင်ပြင်နှင့် အခြားအရေးပါသော အစိုးရအဆောက်အအုံများမှ ရှင်းလင်းခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သော်လည်း အယ်လ်မာတီမြို့၏ အခြားနေရာများတွင် သေနတ်သံများ ကြားနေရသည်ဟူသော သတင်းများထွက်ပေါ်ခဲ့သည်။
အကူအညီပေးရန် ကာဇက်စတန်အစိုးရက မေတ္တာရပ်ခံခဲ့ပြီးနောက် ရုရှားဦးဆောင်သော ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့မှ ပထမဆုံး ရုရှားတပ်စိတ်သည် ကာဇက်စတန်နိုင်ငံကို ဆိုက်ရောက်သွားခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
ဗဟိုအာရှမှ ဆိုဗီယက်ယူနီယံဟောင်းနိုင်ငံဖြစ်ကာ စွမ်းအင်ကြွယ်ဝသော ကာဇက်စတန်သည် တည်ငြိမ်မှုအရှိဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရှုမြင်ခံထားရသည်ဆိုသော်လည်း လောင်စာစျေးမြင့်တက်ခြင်းက မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေခဲ့ရာမှတစ်ဆင့် ဆန္ဒပြပွဲများ ရက်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီး နောက် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။
လက်နက်များကိုင်ဆောင်ထားကြသော ဆန္ဒပြသူများက အစိုးရတပ်ဖွဲ့များကို ပုလင်းများဖြင့် ပစ်ပေါက်ကာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အစိုးရတပ်ဖွဲ့ဝင် ၇၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး ၁၈ ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ သေဆုံးသူများထဲက နှစ်ဦးမှာ ခေါင်းဖြတ်ခံခဲ့ရသည်ဟု ကာဇက်စတန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မီးကျွမ်းထားသော ကားများ အယ်လ်မာတီလမ်းများပေါ်တွင် ပြန့်ကြဲနေကာ အစိုးရအဆောက်အအုံများ ပျက်စီးနေသည်ကို တွေ့ရသည်။ ဆန္ဒပြသူများသည် ဇန်နဝါရီ ၅ ရက်တွင် သမ္မတအိမ်တော်ဝင်းအတွင်း ကျူးကျော်ဝင်ရောက်၍ လုယက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် သမ္မတအိမ်တော် ဝင်းထဲတွင် ကျည်ဆန်များ ပြန့်ကြဲနေသည် ကိုတွေ့ရသည်။
ကာဇက်စတန်အစိုးရအဆောက်အအုံများကို ထိန်းချုပ်ရန် ရုရှားစစ်သားများ ချထားသည့်ကိစ္စအား ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်ပြည်ထောင်စုက သတိပေးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကမ္ဘာကစောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို စောင့်ကြည့်နေပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ပြောကြားခဲ့ပြီး “ကာဇက်စတန် အစိုးရ အဆောက်အအုံတွေကိုသိမ်းယူတဲ့ အနေအထားဖြစ်ပေါ်လာနိုင်တဲ့ လုပ်ရပ်မှန်သမျှကို ကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်”ဟုဆိုသည်။
ဆူပူမှုများကြောင့် ကာဇက်စတန် အစိုးရက ဇန်နဝါရီ ၁၉ ရက်အထိ အရေးပေါ်အ ခြေအနေကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
