အလွန်အကျွံ ပြုပြင်ထားသော အစားအစာများကို အမြောက်အမြား စားသုံးခြင်းသည် စောစီးစွာ သေဆုံးနိုင်ခြေရှိကြောင်း ပြင်သစ်လေ့လာမှုတစ်ခုက ဖော်ထုတ်ခဲ့သည်။ ပြင်သစ်မှ သုတေသနရှင်အဖွဲ့ တစ်ဖွဲ့သည် ၂၀၀၉ ခုနှစ်မှစကာ ခုနစ်နှစ်အတွင်း လူ ၄၄၀၀၀ ကျော်ကို သုတေသနပြုခဲ့သည်။
ပြုပြင်ထားသော အစားအစာများတွင် ပါဝင်သော ကယ်လိုရီပမာဏကို သိပ္ပံပညာရှင်များက စူးစမ်းလေ့လာခဲ့သည်။ ထိုလေ့လာမှုအရ အသင့်စား အစားအစာများကဲ့သို့သော အလွန်အကျွံ ပြုပြင်ထားသည့် အစားအစာများကို အများအပြားစားသုံးမှုနှင့် စောစီးစွာ သေဆုံးမှုတို့ ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့သည်။ အမေရိကန် ဆေးပညာအသင်း၏ JAMA Internal Medicine တွင် ဖော်ပြခဲ့သော ယင်းလေ့လာမှုအရ အလွန်အကျွံ ပြုပြင်ထားသော အစားအစာများတွင် ဆား၊ သကြားနှင့် ပြည့်ဝဆီတို့ မြင့်မားစွာ ပါဝင်ကြောင်း၊ ယင်းအစားအစာများကို စားသုံးသူများသည် စော၍ သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းခန့် ပို၍မြင့်မားကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သော Paris 13 တက္ကသိုလ်မှ အာဟာရသိပ္ပံပညာရှင် မာထိဒီတူဗီဘီယာ က ပြောကြားခဲ့သည်။
ဓာတ်စာနှင့် ရောဂါကြား ဆက်နွှယ်မှုသည် ရှုပ်ထွေးပြီး လေ့လာမှုရလဒ်များသည် မကြာခဏ အဓိပ္ပာယ်ကောက်ယူမှု လွဲတတ်ကြသည်။ ယင်းပြင်သစ်သုတေသနအဖွဲ့ကပင် အော်ဂဲနစ်အစားအစာများနှင့် ကင်ဆာဖြစ်နိုင်ခြေတို့ ဆက်နွှယ်မှုရှိနေကြောင်း ပြီးခဲ့သည့်နှစ်တွင် ဖော်ပြခဲ့သည်။ အလွန်အကျွံ ပြုပြင်ထားသော အစားအစာများနှင့် စောစီးစွာ သေဆုံးမှုတို့အကြား ဆက်နွှယ်မှုကို ပြင်သစ်လေ့လာမှုက သက်သေပြနိုင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်ပြီး အခြားသိပ္ပံပညာရှင်များက မသေမချာဖြစ်နေသည်။ သို့သော်လည်း လေ့လာမှုသည် အသင့်စား အစားအစာများကို စားသုံးခြင်းက ကျန်းမာရေးအတွက် မကောင်းကြောင်း အထောက်အထားအဖြစ် သိပ္ပံပညာရှင်များက သဘောတူကြသည်။
ပြင်သစ်လေ့လာမှုတွင် ပါဝင်သူများသည် အသက် ၄၅ နှစ်အထက်များ ဖြစ်ကြပြီး အများစုသည် အမျိုးသမီးများ ဖြစ်ကြသည်။ ခြောက်လတိုင်းတွင် သုတေသန၌ ပါဝင်သူများသည် အွန်လိုင်း စစ်တမ်းသုံးခုကို ဖြေဆိုကြရပြီး ၂၄ နာရီအတွင်း စားသောက်ခဲ့မှုများ နှင့်ပတ်သက်ပြီး စစ်တမ်းကို ဖြေဆိုရသည်။ ခုနစ်နှစ်ကြာ လေ့လာမှုပြီးနောက် လေ့လာမှုတွင် ပါဝင်သူ ၆၀၀ ခန့် သေဆုံးခဲ့သည်။ အလွန်အကျွံ ပြုပြင်ထားသော အစားအစာများကို ၁၀ ရာခိုင်နှုန်းခန့် ပို၍စားသူများသည် စောစီးစွာ သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းမြင့်မားကြောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။
အလွန်အကျွံ ပြုပြင်ထားသော အစားအစာဆိုသော သတ်မှတ်ချက်သည် အလွန်ကျယ်ပြန့်ပြီး စွပ်ပြုတ်အထုပ်မှသည် ချောကလက်ချောင်းအထိ ပါဝင်သောကြောင့် လေ့လာမှုမှ ခိုင်မာသည့် ကောက်ချက်ဆွဲယူရန် ခက်ကြောင်း အခြားသော သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
