သြစတြေးလျသည် ရေငုပ်သင်္ဘော ၁၂ စင်း တည်ဆောက်ရန်အတွက် သြစတြေးလျ ဒေါ်လာဘီလျံ ၅၀ တန်ဖိုးရှိသည့် မဟာဗျူဟာမြောက် ဖက်စပ် စီးပွားရေးလုပ်ငန်း သဘောတူညီချက်ကို ပြင်သစ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းစုနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းလုပ်ဆောင်မှုသည် ကာကွယ်ရေးကဏ္ဍတွင် သြစတြေးလျ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး အလွန်ပေါ်လွင် ထင်ရှားသည့် အစီအစဉ်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ကင်ဘာရာတွင် ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ဂုဏ်ပြုပြောကြားခဲ့သည်။
ပြင်သစ်အစိုးရက ကျောထောက်နောက်ခံ ပြုပေးထားသော သင်္ဘောတည်ဆောက်ရေးလုပ်ငန်းစု Naval Group နှင့် တိုက်ခိုက်ရေးယာဉ် အမျိုးအစား ရေငုပ်သင်္ဘော ၁၂ စင်း ပူးပေါင်း တည်ဆောက်ရန် သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် အစုစပ် စီးပွားရေးလုပ်ငန်း၏ အဓိကမဏ္ဍိုင်ဖြစ်သည်။ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၅ ဘီလျံရှိသည့် ယင်းလုပ်ငန်းသည် သြစတြေးလျ၏ အကြီးမားဆုံး နိုင်ငံ့ကာကွယ်ရေး စီမံကိန်းတစ်ရပ်ဖြစ်ပြီး နိုင်ငံခြားလုပ်ငန်းစုဖြစ်သော Naval Group နှင့် လုပ်ဆောင်သည့် အကြီးမားဆုံး သဘောတူညီချက်လည်း ဖြစ်သည်။
ပထမဆုံး တည်ဆောက်မည့် ရေငုပ်သင်္ဘောသည် ၂၀၃၀ ပြည့်နှစ် အစောပိုင်းကာလတွင် ပြီးစီးမည်ဟု မျှော်မှန်းထားပြီး အဆိုပါ ရေငုပ်သင်္ဘောအား ၂၀၃၁ ခုနှစ် ပထမ သုံးလအတွင်း စမ်းသပ် မောင်းနှင်မည် ဖြစ်ကာ ၂၀၃၂ ခုနှစ်နှောင်းပိုင်းတွင် စမ်းသပ် တာဝန်ထမ်းဆောင်စေမည် ဖြစ်ကြောင်း သိရသည်။ သြစတြေးလျ မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ရေပိုင်နက်များသည် အမေရိကန်၊ တရုတ်နှင့် အခြားအင်အားကြီးနိုင်ငံများအကြား တင်းမာမှု ပြင်းထန်နေသော ရေပိုင်နက်များဖြစ်ခြင်းကြောင့် ရေငုပ်သင်္ဘော တည်ဆောက်ပြီးစီးသည့် အချိန်ကာလသည် လွန်စွာနောက်ကျနေကြောင်း ဝေဖန်သုံးသပ်သူများက ဆိုသည်။
ရေငုပ်သင်္ဘောများသည် ပြင်ပမှ ရန်လိုသော လုပ်ဆောင်ချက်များကို ဟန့်တားရန် ယုံကြည်စိတ်ချရသော ကာကွယ်ရေးလက်နက်အဖြစ် တည်ရှိလိမ့်မည် ဖြစ်ကြောင်း သြစတြေးလျစစ်တပ် ကျွမ်းကျင်ပညာရှင်များက မျှော်လင့်ထားကြသည်။ ကင်ဘာရာမြို့တွင် ကျင်းပသော အခမ်းအနားအတွင်း ရေငုပ်သင်္ဘော ပူးပေါင်းတည်ဆောက်မည့် သဘောတူညီချက်၌ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလော်ရင့်စ်ပါလီက အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်သည် ပြင်သစ်နိုင်ငံအပေါ် အားထားမှီခိုရန် သြစတြေးလျအား ယုံကြည်မှုများစွာ ဆောင်ကြဉ်းပေးနေပြီး သြစတြေးလျနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ပြင်သစ်နိုင်ငံအား ယုံကြည်စိတ်ချမှုများ ဆောင်ကြဉ်းပေးနေကြောင်း ပါလီက ဆိုသည်။
မဟာဗျူဟာမြောက် အစုစပ် စီးပွားရေးလုပ်ငန်း သဘောတူညီချက်အရ Naval Group Barracud က နျူကလီးယားဒီဇိုင်းပုံစံရှိသော ရေငုပ်သင်္ဘော ၁၂ စင်းကို သြစတြေးလျတောင်ပိုင်းရှိ သင်္ဘောကျင်းအသစ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။ သြစတြေးလျက ပြင်သစ်၏ ရေငုပ်သင်္ဘောဒီဇိုင်းကို ရွေးချယ်ရခြင်းမှာ အကြမ်းခံနိုင်မှု၊ အလျားရှည်မှုနှင့် အရည်အသွေး သာလွန်ကောင်းမွန်မှုတို့ကြောင့် ဖြစ်ကြောင်း Naval Group ဥက္ကဋ္ဌ ဟာဗေးဂူအီလိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
