အလွယ်တကူ ကုသပေးနိုင်သော်လည်း သေဆုံးနိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်ပေးမည့် ကောင်းမွန်သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အာဖရိက၏ အဆင်းရဲဆုံးနိုင်ငံများတွင်ပင် ရရှိနိုင်ကြောင်း ဘီလျံနာနှင့် ပရဟိတ လုပ်ဆောင်သူ ဘီလ်ဂိတ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ သတင်းကောင်းမှာ အရေးကြီးဆုံး နေရာအချို့၌ အတော်အသင့် သုံးစွဲလိုက်လျှင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းဖြစ်ကြောင်း အီသီယိုးပီးယားမြို့တော် အဒစ်အဘာဘာတွင် ကျင်းပသည့် အာဖရိကသမဂ္ဂ ထိပ်သီးဘေးဆွယ်တွေ့ဆုံမှု၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကောင်းမွန်သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ် တစ်ခုကို မဖော်ဆောင်နိုင်သေးမီ ဝင်ငွေ အလယ်အလတ်ရရှိသော အနေအထားကို ရောက်ရှိစေရန် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဘီလ်ဂိတ်က ပြောကြားခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ကြီးကြီးမားမား တိုးတက်စေရန် ကာကွယ်ဆေးများ၊ မိခင်များအတွက် ဘေးကင်းစွာ ကလေးမွေးနိုင်ရန် လုပ်ဆောင်ပေးမှုနှင့် ပဋိဇီဝဆေးများ ရရှိနိုင်မှုကဲ့သို့ ကဏ္ဍများ တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ် ထူထောင်သူ ဘီလ်ဂိတ်က ပြောကြားခဲ့သည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အာဖရိကတွင် ဒေါ်လာ ၁၅ ဘီလျံခန့် သုံးစွဲခဲ့သော ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဘီလ်ဂိတ်သည် ထိုထိပ်သီးတွင် အဓိကအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် အစီအစဉ်တစ်ခု စတင်နိုင်ရေးအတွက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုအစီအစဉ်အား ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခဲ့သော ရဝမ်ဒါသမ္မတ ပေါကာဂါမီက အာဖရိကနိုင်ငံများသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၎င်းတို့၏ အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းထက်မနည်းကို သုံးစွဲကြရန် တိုက်တွန်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အာဖရိကတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် အသုံးစရိတ်၏ ပျမ်းမျှ ၇.၅ ရာခိုင်နှုန်းကို သုံးစွဲခဲ့ကြကြောင်း အာဖရိကသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
အာဖရိကတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်စေရန် ကြိုးပမ်းမှုများကြောင့် မွေးကင်းစ ကလေးသေနှုန်း ကျဆင်းပြီး လူ့သက်တမ်း မြင့်တက်လာခြင်းတို့ ရှိခဲ့သော်လည်း ကိန်းဂဏန်းများသည် ဆိုးရွားနေဆဲဖြစ်ကြောင်း ဂိတ်က ဆိုခဲ့သည်။
အာဖရိကနိုင်ငံ အားလုံး၌ လူဦးရေ ထက်ဝက်ကျော်သည် အခြေခံအကျဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို မရရှိကြောင်း၊ HIV နှင့် AIDS တို့ဖြင့် နေထိုင်ရသူ ရာခိုင်နှုန်း ၇၀ ခန့်ရှိကြောင်း၊ ကမ္ဘာ့ဒေသ အချို့တွင် တိုက်ဖျက်နိုင်ခဲ့ပြီ ဖြစ်သည့် ကူးစက်ရောဂါ ပျံ့နှံ့မှုသည် အဓိက သေဆုံးမှုအဖြစ် ရှိနေဆဲဖြစ်ကြောင်း အာဖရိကသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ရဝမ်ဒါတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြား အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုကို ထက်ဝက်ခန့်နှင့် ငှက်ဖျားကြောင့် သေဆုံးမှုကို ၈၅ ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
