ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၈ ခုနှစ် က မူးယစ်ဆေးနှိမ်နင်းမှုကြီးအတွင်း စံချိန် တင်များပြားသော မက်သာဖက်တမင်း ဆေးပြား ၅၃ သန်းကို ဖမ်းဆီးမိခဲ့သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က မူးယစ်ဆေးနှိမ်နင်းမှု လုပ်ငန်းစဉ်အတွင်း မူးယစ်ဆေး မှောင်ခိုကူးသူဟု သံသယရှိသူ ၃၀၀ ကျော်လည်း သေဆုံးခဲ့ပြီး သိမ်းဆည်းမိခဲ့သော မူးယစ်ဆေး ပမာဏက ၎င်းတို့၏ လုပ်ငန်းစဉ်မှာ အလုပ်ဖြစ်သည်ကို ပြသနေဟု အာဏာပိုင်တို့က အခိုင်အမာဆိုသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများကမူ စံချိန်တင်များပြားသည့် မူးယစ်ဆေးများ ဖမ်းမိနေခြင်းကို ကြည့်ခြင်းဖြင့် လူအမြောက်အမြား သေဆုံးခဲ့ခြင်းက မူးယစ်ဆေး ကုန်သွယ်မှုအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု မရှိနိုင်သည်ကို ပြသနေကြောင်း၊ သေဆုံးသူများထဲတွင် ဥပဒေကို ကျော်လွန် သတ်ဖြတ်ခံရသူ အများအပြား ပါဝင်နေကြောင်း ဆိုကြသည်။
“ဒါဟာ တစ်နှစ်အတွင်း ဖမ်းမိတဲ့ အများဆုံးပမာဏပါ” ဟု မူးယစ်ဆေး ထိန်းချုပ်မှုဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူး ဘာဇလာရာမန်က ပြောကြားခဲ့သည်။ ဖမ်းဆီးမိခဲ့သည့် မူးယစ်ဆေးများမှာ ထိုင်းဘာသာဖြင့် ရူးသွပ်စေသော ဆေးပြားဟု ခေါ်ဆိုကြသော “ယာဘ” ဆေးပြားများ ဖြစ်ကြသည်။ ယာဘများအား ရောင်းချမှု၊ သုံးစွဲမှုများလည်း သိသိသာသာ လျော့ကျလာသည်ဟု ထိုဌာနမှ အကြီးတန်းအရာရှိ မာဆွန်အီရာဘာနီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
