အိန္ဒိယတွင် နီးကပ်လာသော အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်နေကြစဉ် သြဇာကြီးနေရူး-ဂန္ဒီမျိုးရိုးသည် ၎င်းတို့၏ နောက်ဆုံးမျိုးဆက်သစ်တစ်ဦးကို ဖေဖော်ဝါရီ ၁၁ ရက်က ပွဲထုတ်ခဲ့သည်။ ပရီယန် ကာဂန္ဒီဗာဒရာ၏ ပထမဆုံးလူထုစုဝေးပွဲတွင် ၎င်းကို ကြည့်ရှုရန် တက်ရောက်လာသူ ထောင်နှင့်ချီ ရှိခဲ့သည်။
အိန္ဒိယခေါင်းဆောင် ဂျဝါဟာလာနေရူး၏ စတုတ္ထမြောက်မျိုးဆက် ပရီယန်ကာသည် အမိုးဖွင့်ဘတ်စ်ကားဖြင့် လက်နောင်း မြို့ (အဓိကကျသော နိုင်ငံမြောက်ပိုင်းပြည် နယ်အူတာပရာဒေ့ရှ်၏ မြို့တော်) အနှံ့သို့ လှည့်လည်စဉ် လူအုပ်ကြီးက နှင်းဆီပွင့်ဖတ်များဖြင့် ကြဲပက်ပေးခဲ့သည်။
ဧပြီလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ဟိန္ဒူအမျိုးသားရေးဝါဒီ နရင်ဒရာမိုဒီနှင့် ရင်ဆိုင်ရေးအတွက် အဓိကအတိုက်အခံ ကွန်ဂရက်ပါတီက ၎င်းတို့၏ မဲဆွယ်စည်းရုံး ရေးလုပ်ငန်းစဉ်အား အားကောင်းလာစေရန် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီ၏ အသက် ၄၇ နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ထုတ်လာခြင်း ဖြစ်သည်။
လူထုစုဝေးပွဲအတွင်း ပရီယန်ကာနှင့် ၎င်း၏ အစ်ကိုရာဟူးဂန္ဒီ (ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ) တို့သည် ၎င်းတို့နာမည်ကို သံပြိုင်ဟစ်ကြွေးနေကြသော လူအုပ်ကြီးကို နှုတ်ဆက်ခဲ့ကြသည်။ ထိုပွဲအတွင်း ပရီယန်ကာက အိန္ဒိယအတွက် အနာဂတ်သစ်တစ်ခုနှင့် လူတိုင်းရှယ်ယာရှင်ဖြစ်လာမည့် နိုင်ငံရေး အမျိုးအစားသစ်တစ်ခုကို တည်ဆောက်ရန် လုပ်ငန်းစဉ်၌ ပါဝင်ကြရေးအတွက် ထောက်ခံသူများကို ဆော်သြခဲ့သည်။
၁၉၄၇ ခုနှစ်တွင် အိန္ဒိယလွတ်လပ်ရေး ရပြီးကတည်းက အိန္ဒိယနိုင်ငံရေးကို ကြီးစိုးလာခဲ့သော နေရူး-ဂန္ဒီမိသားစုထဲမှ ပရီယန်ကာသည် နိုင်ငံရေးလောကထဲသို့ ဝင်ရန်နှစ်ပေါင်းများစွာငြင်းဆန်ခဲ့ပြီးမှ ပြီးခဲ့သည့်လကမှ ပါတီ၏အဓိကနေရာတစ်ခုကိုယူရန် လက်ခံခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁၁ ရက်က ဖွင့်ခဲ့သော ပရီယန်ကာ၏ Twitter အကောင့်သစ်အား နာရီပိုင်းအတွင်းမှာပင် Follow လုပ်သူ ၈၅၀၀၀ ကျော်ရှိခဲ့သည်။
မိုဒီသည် ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီနှင့် ပိုမိုအကြိတ်အနယ် ယှဉ်ပြိုင်ရလိမ့်မည်ဟု လေ့လာသူများက ဆိုသည်။ ကွန်ဂရက်သည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ပြည်နယ်ရွေးကောက်ပွဲများတွင် မိုဒီ၏ ဘီဂျေပီပါတီ ခြေကုပ်ပြည်နယ်များကို ထိန်းချုပ်နိုင်ခဲ့သည်။ Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
