စပိန်နိုင်ငံအား ဆိုးဆိုးရွားရွား အကျပ်အတည်းဆိုက်စေခဲ့သော မအောင်မြင်သည့် ခွဲထွက်ရေးကြိုးပမ်းမှုဖြစ်စဉ်အတွင်း ပါဝင်ခဲ့သော ကာတာလန်ခွဲထွက်ရေးခေါင်းဆောင် ၁၂ ဦးအား ရုံးတင်စစ်ဆေးမှုကို ဖေဖော်ဝါရီ ၁၂ ရက်တွင်စတင်ပြီဖြစ်သည်။ ချမ်းသာကြွယ်ဝသော ကတ်တလိုနီးယားဒေသ၏ အနာဂတ်နှင့်ပတ်သက်၍ တင်းမာမှုများ တစ်ဖန်ပြန်လည်မြင့်တက်လာစဉ် ယခုရုံးတင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးထူထပ်စွာချထားသည့် ထိုရုံးတင်စစ်ဆေးမှုကြီးကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသပြီး ဂျာနယ်လစ် ၆၀၀ ကျော်ကိုလည်း ဝင်ခွင့်ပေးခဲ့သည်။ စစ်ဆေးခံရမည့်သူများကို ၎င်းတို့ရှိရာ အကျဉ်းထောင်များမှ မက်ဒရစ် တရားရုံးချုပ်သို့ ရဲကားများဖြင့် ခေါ်ဆောင်လာကြသည်။
ယခုစစ်ဆေးမှုသည် ၁၉၇၅ ခုနှစ်က အာဏာရှင် ဖရန်စစ္စကိုဖရန်ကို သေဆုံးပြီး စပိန်နိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိပြီးနောက်ပိုင်း အရေးအကြီးဆုံးဖြစ်သည်ဟု တရားရုံးချုပ် တရားသူကြီး ကားလို့စ်လီစမတ်စ်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။ စစ်ဆေးမှုသည် သုံးလခန့်ကြာလိမ့်မည်ဟု ခန့်မှန်းနေကြပြီး ယင်းနောက် လအနည်းငယ်ကြာမှ ဆုံးဖြတ်ချက်ထွက်ပေါ်လာနိုင်သည်။
ကတ်တလိုနီးယားခွဲထွက်ရေးလိုလား သူများက ထိုရုံးတင်စစ်ဆေးမှုသည် အဓိပ္ပာယ်မရှိသော နိုင်ငံရေးလုပ်ကြံမှုဟုဆိုကာ ပယ်ချထားကြသည်။
ဖေဖော်ဝါရီ ၁၂ ရက် အရုဏ်မတက်မီက တက်ကြွလှုပ်ရှားသူတို့သည် ကတ်တလို နီးယားဒေသထဲမှ အဝေးပြေးလမ်းမတစ်ခု အပါအဝင် လမ်းအချို့ကို ပိတ်ထားခဲ့ကြကာတာယာများကို မီးရှို့ခဲ့ကြသဖြင့်ယာဉ်ပေါင်းများစွာ သွားလာမရဖြစ်ခဲ့ရသည်ဟု အာဏာပိုင်တို့ကဆိုသည်။ သို့သော်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သောခွဲ ထွက်ရေးကြိုးပမ်းမှုဖြစ်စဉ်အတွက် ယခုရုံး တင်စစ်ဆေးမှုကို စပိန်အများအပြားက ထောက်ခံကြသည်ဟု သိရသည်။
အောက်တိုဘာ ၂၇ ရက်က ကတ်တလိုနီးယားဒေသသည် စပိန်မှ ခွဲထွက်လိုက်ကြောင်း ကြေညာခဲ့သည်။ သို့သော် သက်တမ်းမရှည်လိုက်သော ထိုလွတ်လပ်ရေးကြေညာမှုအပြီး ရက်အနည်းငယ်အကြာတွင် ဘယ်လ်ဂျီယံသို့ ထွက်ပြေးခဲ့သော ကတ်တလိုနီးယားသမ္မတဟောင်း ကားလက်စ်ပွီထေမွန့်မှာမူ စစ်ဆေးခံရမည့်သူ ၁၂ ဦးထဲတွင် မပါဝင်ပေ။ စပိန်တွင် အဓိကကျသောအမှုကြီးများ၌ စွပ်စွဲခံရသူမပါဘဲ ရုံးတင်စစ်ဆေးလေ့ မရှိပေ။ ထို့ကြောင့် ယခုရုံးတင်စစ်ဆေးမှုအတွင်း အဓိကဇာတ်လိုက်မှာ ကတ်တလန် ဒုတိယသမ္မတဟောင်း အော်ရီယိုဟူကီရာ ဖြစ်လာသည်။ ထွက်မပြေးရန် ရွေးချယ်ခဲ့သော ဟူကီရာသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်သည်။
ကတ်တလိုနီးယား၏ အမှုဆောင်အဖွဲ့ဝင်များ၊ သြဇာကြီးလွတ်လပ်ရေးလိုလားသော အဖွဲ့များဖြစ်သည့် ANC နှင့် Omnium Cultural မှ ခေါင်းဆောင်နှစ်ဦး၊ ကာတာလန်ပါလီမန်ဥက္ကဋ္ဌဟောင်းတို့ ပါဝင်သည့် ကျန် ၁၁ ဦးမှာမူ ထောင်ဒဏ် ခုနစ်နှစ်မှ ၁၇ နှစ်အထိ ကျခံရနိုင်သည်။
ဟူကီရာနှင့် အခြားရှစ်ဦးကို ပုန်ကန်မှုဖြင့် စွဲချက်တင်ထားသည့်ကိစ္စသည် စစ်ဆေးမှုမတိုင်မီကတည်းက အငြင်းပွားစရာ ဖြစ်နေသည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
