အမေရိကန်မှပို့လိုက်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား နိုင်ငံထဲသို့ ဝင်ခွင့်ပြုရေး စစ်တပ်ကို ဖိအားပေးရန်အတွက် ဗင်နီဇွဲလားအတိုက်အခံတို့သည် ဖေဖော်ဝါရီ ၁၂ ရက်တွင်ချီတက်ပွဲများ ထပ်မံပြုလုပ်ရန် စီစဉ်နေကြသည်။ သမ္မတမာဒူရိုကမူ ထိုအကူအညီတို့သည် ကျူးကျော်မှုတစ်ခု၏ ပထမခြေလှမ်းဟု ဆိုနေသည်။
မိမိကိုယ်ကိုယ်သမ္မတအဖြစ် ကြေညာထားသော အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုက မြို့တော်ကာရာကတ်စ် အရှေ့ပိုင်း၌ ပြုလုပ်မည့် လူထုစုဝေးပွဲတစ်ခုကို ဦးဆောင်မည်ဖြစ်သော်လည်း ဆန္ဒဖော်ထုတ်ပွဲများအား နိုင်ငံအနှံ့ကျင်းပရန်လည်း ဆော်သြထားသည်။ ယင်းတို့သည် လူငယ်နေ့ အထိမ်းအမှတ်အတွက် ပြုလုပ်ကြခြင်းဖြစ်သလို ဇန်နဝါရီလက အစိုးရဆန့်ကျင်ရေး ဆန္ဒပွဲများအတွင်း သေဆုံးခဲ့သူ ၄၀ (လူငယ် အများအပြားပါဝင်) အား ဂုဏ်ပြုရေးအတွက်လည်း ပါဝင်သည်။
“ဗင်နီဇွဲလား ၃၀၀,၀၀၀ ကျော်ရဲ့ အသက်တွေကို ကယ်တင်ပေးမယ့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဝင်ခွင့်ပြုရေး တောင်းဆိုဖို့အတွက် ကျွန်တော်တို့တွေ လမ်းပေါ်ကို ပြန်လာကြမှာဖြစ်ပါတယ်” ဟု ဂွါအီဒိုက ပြောကြားခဲ့သည်။
မာဒူရိုဘက်ကလည်း နယ်ချဲ့ဝါဒီကျူးကျော်မှုကို ဆန့်ကျင်ရန်အတွက်ဟုဆိုပြီး မြို့တော်အလယ်ပိုင်း၌ လက်ဝဲလူငယ်များပါဝင်သော ချီတက်ပွဲတစ်ခုအား ဦးဆောင်ရန် စီစဉ်ထားသည်။
အဆိုပါအားပြိုင်မှုသည် အစားအစာ၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်လပ်ကာ စီးပွားရေးချွတ်ခြုံကျနေသည့် နိုင်ငံထဲသို့ အကူအညီများ ဝင်ခွင့်ပြုရေးကို ဗဟိုပြုနေသည်။
ဗင်နီဇွဲလားနှင့်ထိစပ်နေသော နယ်စပ်အနီး ကိုလံဘီယာနိုင်ငံထဲမှ သိုလှောင်ရေးဌာနများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အပါအဝင် အကူအညီပစ္စည်းများရောက်ရှိနေသည်မှာ ငါးရက်ကြာရှိပြီဖြစ်သည်။ နှစ်နိုင်ငံနယ်စပ်မြို့တို့အား ဆက်သွယ်ထားသည့် တံတားပေါ်၌လည်း စစ်တပ်ကကြီး မားသောကွန်တိန်နာကားကြီးများ၊ လောင်တင်ထရပ်ကားကြီးများဖြင့် ပိတ်ဆို့ထားသည်။
ဗင်နီဇွဲလားအစိုးရမှာမူ စားနပ်ရိက္ခာ နှင့် ဆေးဝါးများကို ဖေဖော်ဝါရီ ၁၁ ရက်က ဝေပေးခဲ့သည်။
သိုလှောင်ရေးအတွက် ဒုတိယနေရာ
ထိုစဉ် ဂွါအီဒို၏ သံတမန်များသည် ဘရာဇီးနိုင်ငံ၏ မြို့တော်တွင် ဘရာဇီးအစိုးရ အရာရှိများနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။ ထို့နောက် ဗင်နီဇွဲလား အရှေ့တောင်ပိုင်းနယ်စပ်နှင့်ထိနေသော ရိုရိုင်မာပြည်နယ်၌ ဒုတိယမြောက်အကူအညီသိုလှောင်ရေး ဌာနတစ်ခု တည်ဆောက်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။ ဘရာဇီးနိုင်ငံမှ ရိုရိုင်မာ သိုလှောင်ရေးဌာနသို့ လာမည့်သီတင်းပတ်မှ စတင်ပြီး အကူအညီပစ္စည်းများ စတင်ပို့ဆောင်မည်ဟု ဂွါအီဒို၏ အကူအညီဖြန့်ဝေရေးအဖွဲ့၏ ခေါင်းဆောင် လက်စတာတော်လီဒိုက ပြောကြားခဲ့သည်။
သို့သော် ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုက နယ်စပ်တစ်လျှောက် လက်နက်ကိုင်အင်အားကို တိုးမြှင့် တပ်ဖြန့်ထားသည့်အကြောင်း ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၁၀ ရက်က ကိုလံဘီယာနယ်စပ်တွင် ဒါဇင်နှင့်ချီသော ဆရာဝန်များက အကူအညီများပေးပို့မှုအား လက်ခံရန်အတွက် ဆန္ဒပြခဲ့သည်။
Ref ; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
