အမေရိကန်ညွန့်ပေါင်း၏ အမြောက်ပစ်ကူပေးမှုများနှင့်အတူ ဆီးရီးယား တိုက်ခိုက်ရေးသမားများသည် IS ဂျီဟတ်အဖွဲ့၏ အနည်းငယ်မျှသာ ကျန်သည့် နောက်ဆုံးခြေကုပ်အား သိမ်းယူနိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်မှုပြုလုပ်စဉ် ဂျီဟတ်များ၏ ပြင်းပြင်းထန်ထန် တန်ပြန်ခုခံမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ညွန့်ပေါင်း၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပိတ်ဆို့ခံနေရသည့်နေရာမှ ထွက်ပြေးသော ကလေးခုနစ်ဦး အပါအဝင် အရပ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း အမေရိကန်ညွန့်ပေါင်းက ထိုသေဆုံးမှုနှင့် ပတ်သက်၍ မှတ်ချက် မပေးသေးပေ။
IS ဂျီဟတ်များက ဆီးရီးယားနှင့် အိမ်နီးချင်း အီရတ်တို့၏ နယ်မြေအများအပြားအား အလျင်အမြန် သိမ်းယူပြီး မွတ်စလင်ပိုင်နက်အဖြစ် ကြေညာခဲ့ပြီးနောက် လေးနှစ်ကျော်အတွင်း နိုင်ငံတကာတပ်ဖွဲ့များ၏ ထိုးစစ်အများအပြားကြောင့် ယခုအခါ ဂျီဟတ်များသည် ဆီးရီးယားအရှေ့ပိုင်း၌ နယ်မြေ အနည်းငယ်ကိုသာ ထိန်းချုပ်နိုင်တော့သည်။
အီရတ်နယ်စပ်မှ ကျန်ရှိသော ဂျီဟတ် အသေခံတပ်ဖွဲ့ဝင် ရာပေါင်းများစွာအား နှိမ်နင်းရန် ကာ့ဒ်များ ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်များ (SDF) က ဖေ ဖော်ဝါရီ ၉ ရက်တွင် နောက်ဆုံး ထိုးစစ်ကို စတင်ခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် SDF တပ်ဖွဲ့များသည် ဂျီဟတ်များ၏ ပြင်းပြင်းထန်ထန် ခုခံမှုကြုံနေရစဉ် အမေရိကန်ညွန့်ပေါင်းက ထိုဒေသအား ဗုံးကြဲမှုများကို ဖြည်းဖြည်းချင်း တိုးမြှင့်ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် တိုက်ခိုက်မှုများအတွင်း SDF တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် ဂျီဟတ် ၁၉ ဦးတို့ သေဆုံးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ IS အဖွဲ့၏ နောက်ဆုံးနယ်မြေထဲ၌ SDF ဓားစာခံ ဒါဇင်များစွာ ဖမ်းဆီးခံထားရကြောင်း SDF ပြောခွင့်ရပုဂ္ဂိုလ် မူစတာဖာဘာလီက ပြောကြားခဲ့သော်လည်း ထိုဓားစာခံများ ကွပ်မျက်ခံရမှု သတင်းများကို ငြင်းဆိုခဲ့သည်။
ညွန့်ပေါင်းအဖွဲ့၏ လေကြောင်း ထောက်ကူပေးမှုဖြင့် SDF မဟာမိတ်များသည် ဆီးရီးယားအရှေ့ပိုင်း ဒီယာအက်ဇာပြည်နယ်မှ ဂျီဟတ်များကို တိုက်ထုတ်ရန် ပြီးခဲ့သော စက်တင်ဘာနှောင်းပိုင်းကတည်းက ကြိုးပမ်းခဲ့ကြသည်။ ဒီဇင်ဘာနောက်ပိုင်း တဖြည်းဖြည်း လျော့ကျလာသော ဂျီဟတ်နယ်မြေများမှ IS ဂျီဟတ်များနှင့် ဆက်နွှယ်သည့် ကလေးနှင့် အမျိုးသမီးအများစု ပါဝင်သော လူထောင်ပေါင်းများစွာသည် SDF ထိန်းချုပ်ထားသည့် နယ်မြေများထဲသို့ ထွက်ပြေးလာခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် IS နယ်မြေမှ ထွက်ပြေးလာသူများ၌ ဂျီဟတ်များဟု ယူဆရသူများကို ခွဲထုတ်နိုင်ရန် အမေရိကန်ညွန့်ပေါင်းနှင့် SDF တပ်ဖွဲ့ဝင် ဒါဇင်များစွာက စစ်ဆေးခဲ့ကြသည်။
ှုှIS ထိန်းချုပ်ထားသည့် ဘာဂူဇ်ဒေသမှ ထွက်လာနိုင်ရန် လူကုန်ကူးသူများထံ ငွေပေးခဲ့ရကြောင်း ပြင်သစ်အမျိုးသမီးနှစ်ဦး က ပြောကြားခဲ့သည်။ သို့သော် အီရတ်ရှိ ဂျီဟတ်များကမူ နိုင်ငံခြားသားများအား ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့သည်။ ဆီးရီးယားနှင့် အီရတ်နိုင်ငံသားများကိုသာ ခေါ်ထုတ်ရန် ၎င်းတို့က ခွင့်ပြုခဲ့ကြောင်း ပြင်သစ်နိုင်ငံ ဘော်ဒိုးမှ ထိုအမျိုးသမီးနှစ်ဦးအနက် တစ်ဦးက ပြောကြားခဲ့သည်။
IS ထိန်းချုပ်ထားသော တစ်စတုရန်း မိုင်ရှိသည့် နယ်မြေအတွင်း အရပ်သားရာပေါင်းများစွာအပြင် ဂျီဟတ် ၆၀၀ အထိရှိနေနိုင်သေးကြောင်း အမေရိကန်ညွန့်ပေါင်းက ဖေဖော်ဝါရီ ၉ ရက်တွင် ခန့်မှန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
