လှိုင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင် ရွှေငါးပိ သာ လုယက်ခံရပြီးနောက် ရွှေဆိုင်နေရာများ အပြင် နေထိုင်ရာအိမ်၊ သယ်ယူမည့်ကားများ အတွက် လုံခြုံရေးဂရုပြုကြရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က သတိပေးထုတ်ပြန်သည်။
အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲ ခန့်က လှိုင်မြို့နယ် ၄ ရပ်ကွက်ရှိ အေးရိပ်မွန် လမ်းမကြီးတွင် နေထိုင်သည့် ရွှေဆိုင်ပိုင်ရှင် မှာ ဆိုင်သိမ်းပြီး အိမ်သို့ပြန်လာစဉ် အိမ်အနီး အရောက်တွင် လူနှစ်ဦးက သေနတ်ပစ် ဖောက်ကာ ရွှေများကိုလုယက်သွားခြင်းဖြစ် သည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရွှေရောင်းဝယ် သည့် ဆိုင်များကို လုံခြုံရေးဂရုပြုရန် သတိ ပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေ ဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTV များတပ်ဆင်ထားသည့်အတိုင်း မိမိ တို့ နေထိုင်သည့် အိမ်နေရာပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV ကင်မရာ များတပ်ဆင်ခြင်း၊ အရေးပေါ် Alam Bell များ တပ်ဆင်ခြင်း၊ ရွှေငွေသယ်ဆောင်မည့် ကားများတွင် ကင်မရာတပ်ဆင်ခြင်း၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင် ထားသင့်ကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းဖြင့် ဒု စရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကြို တင်ကာကွယ်နိုင်ရန် အသိပေးပန်ကြားအပ် ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအ သင်းက ထုတ်ပြန်သည်။
လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေငါးပိသာလုယက်ခံရမှုနှင့် ပတ်သက်ပြီးသက်ဆိုင် ရာရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိ ရသည်။
ပြီးခဲ့သည့် မေလခန့်ကလည်း ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ TK ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ရွှေထည်ပစ္စည်း သိန်း ၂၀ နီးပါးခန့်နှင့် ငွေသား ကျပ်သိန်း ၆၅၀ ကျော် ပါသွားကြောင်း သိရသည်။
၂၀၂၃ ခုနှစ်ကလည်း ကြည့်မြင်တိုင်မြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦးကို သတ်ဖြတ်ကာ ရွှေများကို လုယက်ပြီး အလောင်းအား အမြန်လမ်းတွင် စွန့်ပစ်ခဲ့သည်ယင်းဖြစ်စဉ်မှကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ပြီး ထောင်ဒဏ်နှင့် သေဒဏ်များ ချမှတ်ခဲ့သည်။
အလားတူ မန္တလေးမြို့တွင်လည်း ရွှေ ဆိုင်များကို ဓားပြတိုက်မှုအချို့ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
