ရှမ်း/တောင် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်လျှက်ရှိကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ယခုလ အောက်တိုဘာ (၁၉)ရက်မှ (၂၃)ရက်အထိ အဆိုပါဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ရေဘေးလွတ်ရာနေရာများတွင် ယာယီခိုလှုံနေကြရကြောင်း ၎င်းက ဆိုသည်။
“ဟိုပုံးမြို့က တောင်တက်တောင်ဆင်းရှိတဲ့အခါကျတော့မြေနိမ့်ပိုင်းနေရာတွေ ရေဝင်တော့ မြင့်တဲ့ နေရာပြောင်းရွှေ့နေရတာပေါ့။ ပတ်ဝန်းကျင် ကျေးရွာကသူတွေလည်း ဒေသတွင်း အဆင်ပြေသလို ရေမဝင်တဲ့ ဘက်တွေ ယာယီပြောင်းနေရတာ။ မနေ့က အထိတော့ရေပြန်မဆင်းသေးဘူး။ အခုက စားဖို့နဲ့ ဆေးဝါးတွေလိုအပ်နေတယ်”ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ယာဂီမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင်ရေကြီးရေလျှံဖြစ်ပွားခဲ့သော်လည်း ဟိုပုံးမြို့မှာ မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်စဉ်အချို့သာဖြစ်ပွားခဲ့ရာမှ ယခုလအတွင်း မိုးရွာသွန်းမှုဖြစ်စဉ်ကြောင့် ပထမဆုံးအကြိမ် ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေဘေးအတွက် ရှမ်း/မြောက်လူမှုကယ်ဆယ်ရေးအဖွဲ့များ ထွက်ခွာကူညီရန် စီစဉ်လျှက်ရှိပြီး၊ အချို့ကျေးရွာများ ရွာလုံးကျွတ်ရေကြီးရေလျှံဖြစ်ပွားနေခြင်းကြောင့် စားသောက်စရာ၊ အဝတ်အထည်၊ ဆေးဝါး ၊အမျိုးသမီး လစဉ်သုံး၊ အသင့်စားခေါက်ဆွဲခြောက်များကို သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသအတွင်း ယခင်လအတွင်းက မြေပြိုမှုဖြစ်စဉ်များကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေသဖြင့် လက်ရှိအချိန်အထိ ကူညီသူနည်းပါးနေပြီး ကျေးရွာချင်းဆက်လမ်းပိုင်းများလည်း ပျက်စီးလျှက်ရှိကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
