အောက်တိုဘာ (၂၂)ရက်က စတင်၍ တရုတ်က မြန်မာဘက်သို့ စားသောက်ကုန်မှလွဲ၍ ကုန်ပစ္စည်းတင်ပို့မှုများပိတ်ပင်ထားကြောင်း နှစ်နိုင်ငံနယ်စပ်မှ ကုန်သည်အချို့၏ ပြောပြချက်အရ သိရသည်။
တရုတ်ဘက်မှ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အိမ်သုံးပစ္စည်းများအားလုံးကိုမြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုကို တရုတ်နိုင်ငံဘက်က ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
” စားသောက်ကုန်နဲ့ အသီးတွေကိုတော့ ခွင့်ပြုထားတယ်။ ကျန်တာတွေကတော့ မရဘူး။ (၂၂) ရက်ကစပြီး ပိတ်လိုက်တာ။ ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တာပေါ့”ဟု တရုတ်နယ်စပ်ကုန်သည်တစ်ဦးက ပေါ်ပြူလာနယူစ်းသို့ပြောသည်။
မြန်မာသို့ ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ခြင်းကို နယ်စပ်ရှိ တရုတ်ကုန်သည်များနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများထံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများက အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် ယူနန်ပြည်နယ်၊ Xi Shuang Ban Na(ဆစ်ဆောင်ပန်းနား) မြို့နယ်ရှိ DaLuo ပို့ဆောင်ဆက်သွယ်ရေးဂိတ်မှ ၎င်းတို့၏ ဖောက်သည်များအား အကြောင်းကြားစာ၌ ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများအရ ယခုလက်ရှိတွင် တရုတ်နိုင်၏ ပို့ကုန်များဖြစ်သော အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘက္ထရီ၊ ဆိုလာဘထ္ထရီ၊ ဆိုလာပြား၊ အင်ဂျင်၊ မီးသီးမီး အိမ်များ၊ စားသောက်ကုန်များ၊ စောင်၊ ဘိလပ်မြေများအစရှိသည့် ပစ္စည်းများကို မြန်မာပြည်သို့တင်ပို့ခြင်းကို ယာယီခွင့်မပြုကြောင်း ရေးသားထားသည်ဟု သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
