စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ (၂၉၅၄၀) ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်ဆောင်းရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ တောင်သူတွေကို ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးကောင်း မျိုးသန့် စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးစတဲ့ စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ – ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ (၁၃၈၉၆) ဧက၊ နေကြာ (၁၂၃၆) ဧက၊ နှမ်း (၁၄၀၃၃) ဧက၊ မုံညှင်းစေ့ (၃၅ ၇) ဧက စုစုပေါင်း (၂၉၅၄၀) ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
အလားတူ ဓာတုကင်းလွတ်၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ဟင်းသီးဟင်းရွက်မျိုးစုံ (၅၇၇)ဧက စိုက်ပျိုးရန် လျာထားပြီး GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှု ကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးသုံးစွဲရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်းလည်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
