ယမန်နေ့ အောက်တိုဘာ (၂၃)ရက် ညနေပိုင်းအချိန်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့် ဟောင်ကောင် အမျိုးသမီးအသင်းတို့ ပထမအကျော့ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၄)ဂိုး(၁)ဂိုးဖြင့် ပွဲပြီး ရလဒ်ထွက်ပေါ်ကာ အနိုင်ရရှိခဲ့သည်။
အဆိုပါ အသင်း(၂)သင်းသည် အောက်တို့ဘာ(၂၆)ရက်တွင် ဒုတိယ အကျော့အနေဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့ နောက်ဆုံး တွေ့ဆုံခဲ့သည့်ပွဲမှာ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ အာရှ အားကစားပြိုင်ပွဲတွင်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မြတ်နိုးခင် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိထားခြင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီတက်ဆုရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က ကိုင်တွယ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပ နိုင်ငံများသို့လည်း လေ့ကျင့်ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်။
အလားတူ ၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲစဉ်ကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေရာ ယမန်နေ့က အုပ်စုအဖွင့်ပွဲစဉ်အတွင်း လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် ယီမင်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယီမင်အသင်းက ပွဲပြီးဆုံးချိန်တွင် (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။
အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I)အတွင်း ဗီယက်နမ်၊ မြန်မာ၊ ကာဂျစ္စတန်နှင့် ယီမင် ယူ-၁၇ အသင်းတို့တစ်အုပ်စုတည်းကျရောက်နေပြီး၊ အောက်တိုဘာ(၂၅) ရက် မြန်မာစံတော်ချိန် ည (၆)နာရီခွဲ၌ ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ (၂၇) ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၃)နာရီခွဲအချိန်၌ ကာဂျစ္စတန်အသင်းနှင့်လည်းကောင်း အသီးသီးထပ်မံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အဆိုပါ ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမရရှိသည့် (၁၀) သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရသည့် (၅) သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
