မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ငန်းတေးလမ်း ထွေ/အုပ်ဝန်ထမ်းအိမ်ယာရှေ့တွင် ယမန်နေ့ ညပိုင်းအချိန်က (၁၀) ဘီး ကုန်တင်ယာဉ်နှင့် ဟိုင်းဂျက်ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ ဟိုင်းဂျက်ယာဉ်ပေါ်လိုက်ပါ လာသူတစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ ငန်းတေးရပ်ကွက်၊ ငန်းတေးလမ်း၊ ထွေ/အုပ်ဝန်ထမ်းအိမ်ယာရှေ့တွင်ကျွဲခြံကုန်းရပ်ကွက်ဘက်မှ ငန်းတေးရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် ၁၀ ဘီး ကုန်တင်ယာဉ်နှင့် ငန်းတေးရပ်ကွက်ဘက်မှ ကျွဲခြံကုန်းရပ်ကွက်ဘက်သို့ မောင်းနှင်နေသည့် ဟိုင်းဂျက်ယာဉ်တို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကားနှစ်စီးက ဘယ်လိုတိုက်ကြလဲတော့ မသိရဘူး။ ယာဉ်တိုက်မှုဖြစ်တယ်လို့ကြားလို့ သွားကြည့်တော့ ဟိုင်းဂျက်ကားခေါင်းခန်းမှာ ဒရိုက်ဘာဘေးက လူတစ်ယောက်က ညှပ်နေတယ်။ ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာတွေရသွားတယ်” ဟု ပြောကြားသည်။
အဆိုပါ ဟိုင်းဂျက်ကားခေါင်းခန်းတွင် ညှပ်နေသူအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ မော်လမြိုင်မြို့ခံ လူမှုကူညီကယ်ဆယ်ရေးဖွဲများမှ ကတ်တာများအသုံးပြုကာ ဆွဲထုတ်နိုင်ခဲ့သော်လည်း လူနာသေဆုံးနေပြီးကြောင်း ၎င်းကဆိုသည်။
ထို ယာဉ်တိုက်မှုမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဟိုင်းဂျက်ယာဉ်မောင်း ဖြစ်သူနှင့် သေဆုံးသွားသည့် ဟိုင်းဂျက်ယာဉ်ခေါင်းခန်းတွင်လိုက်ပါလာသူ တို့အား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
