ရိုးမား နှင့် ဒိုင်နမိုကိဗ်(မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)
ဒိုင်နမိုကိဗ်အနေနဲ့ ယူရိုပါလိဂ်မှာ လာဇီယို၊ ဟော်ဖန်ဟင်မ်အသင်းတွေနဲ့ ပွဲကျပ်ကစားရပြီးနောက် ရိုးမားနဲ့ ထပ်ကစားရဦးမယ်။ ဒိုင်နမိုကိဗ်အသင်းရဲ့ ကစားသမားပိုင်းက အရင်လောက် မတောင့်တင်းတော့လို့ ရိုးမားလိုအသင်းကို အဝေးကွင်းမှာ ယှဉ်နိုင်ဖို့ ခက်နိုင်တယ်။ ရိုးမားအသင်းက စီးရီးအေပွဲကျပ်တွေကြားမှာ အခုပွဲ ကစားရတာဖြစ်လို့ ကစားသမားပိုင်း အပြောင်းအလဲပြုလုပ်မှာ သေချာပါတယ်။ ရောမမြေလည်းဖြစ်လို့ ရိုးမား ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
ပေါ်တို နှင့် ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ပေါ်တိုအသင်း (၂)ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရသေးသလို၊ မန်ယူကိုလည်း အနိုင်ရလုနီးပါး ဖြစ်ခဲ့ပြီးမှ အမှတ်ခွဲပေးလိုက်ရတယ်။ ပေါ်တိုအသင်းတိုက်စစ်မှာ စပိန်လူငယ်တိုက်စစ်မှူး အိုမိုရိုဒီယွန်ကလည်း အားကိုးရတဲ့အနေအထားကို ရောက်ရှိလာတယ်။ ပေါ်တိုအဖို့ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရေး မဖြစ်မနေ အနိုင်ကစားရတော့မယ့် အခြေအနေက တွန်အားတစ်ခု ဖြစ်စေနိုင်တယ်။ ဟော်ဖန်ဟင်မ်ကတော့ ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိသေးပေမဲ့ ခြေစွမ်းပိုင်းကတော့ သိပ်အားရစရာမရှိပါဘူး။ ပေါ်တိုအသင်း နိုင်ပွဲစရသွားလိမ့်မယ်။
FC တွမ်တီး နှင့် လာဇီယို (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
လာဇီယိုအသင်းက ဂျူဗင်တပ်စ်နဲ့အတွေ့မှာ နိုင်ပွဲဆက်နေမှု ရပ်တန့်သွားတယ်။ ဒါပေမဲ့ ပွဲအစ(၂၄)မိနစ်ကတည်းက ကစားသမားတစ်ယောက် အထုတ်ခံရပြီး (၈၅)မိနစ်ရောက်မှ Own Goal ပေးရကာ အရေးနိမ့်ခဲ့တဲ့ လာဇီယိုအသင်းရဲ့ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုရမယ်။ အီမိုဘီလီ၊ လူးဝစ်အယ်လ်ဘာတိုခေတ်လွန် လာဇီယိုအသင်းခြေစွမ်းက စောင့်ကြည့်ခံအနေအထားမှာ ရှိပါတယ်။ FC တွမ်တီးအသင်းကလည်း မန်ယူ၊ ဖီနာဘာချီအသင်းတွေကို သရေကစားထားလို့ လျှော့တွက်လို့မရတဲ့ အဆင့်မှာရှိပါတယ်။ အိမ်ရှင်အသင်း အမှတ်ရနိုင်တယ်။
ဖီနာဘာချီ နှင့် မန်ယူ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
မန်ယူအသင်းက FC တွမ်တီး၊ ပေါ်တိုအသင်းတွေကို (၂)ပွဲဆက်တိုက် သရေကစားထားလို့ မဖြစ်မနေ နိုင်ပွဲလိုအပ်နေတယ်။ ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားရာကနေ ဘရန့်ဖို့ဒ်ကို အနိုင်ကစားခဲ့တာက Turning Point တစ်ခု ဖြစ်လာနိုင်မလား စောင့်ကြည့်ရမယ်။ ဖီနာဘာချီအသင်းမှာတော့ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေ အများအပြားရှိနေပြီး ဂျက်ကို၊ တာဒစ်၊ အမ်ရာဘတ်၊ ဖရက်နဲ့ မက်ဆီမင်တို့ အမာခံတွေဖြစ်နေတယ်။ ပိုပြီးစိတ်ဝင်စားစရာက မန်ယူနည်းပြဟောင်း မော်ရင်ဟိုအနေနဲ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတာပါ။ မန်ယူ ရှုံးဖို့တော့ မရှိပါဘူး။
လိုင်ယွန် နှင့် ဘက်ဆစ်တက် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
နိုင်ပွဲဆက်နေတဲ့ လိုင်ယွန်အသင်း အနိုင်သေချာတဲ့ပွဲပါပဲ။
စပါး နှင့် အယ်လ်ခမာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
စပါးအသင်းမှာ ဘရန်နန်ဂျွန်ဆင် ဂိုးမြူးနေမှု ရပ်တန့်သွားပေမဲ့ အသင်းတိုက်စစ်ပိုင်းက ပိုပြီးမြိုင်ဆိုင်လာတာ တွေ့ရတယ်။ အာဆင်နယ်အသင်းကို အရေးနိမ့်ပြီးကတည်းက နောက်ဆုံးကစားတဲ့ (၇)ပွဲမှာ (၆)ပွဲ အနိုင်ကစားခဲ့ပြီး ဒီ(၇)ပွဲ စလုံးမှာလည်း အနည်းဆုံး(၂)ဂိုးစီ သွင်းယူခဲ့တယ်။ စပါးနည်းပြ ပိုစတီကိုဂလူးကလည်း ယူရိုပါလိဂ်ပြိုင်ပွဲဆိုပေမဲ့ ပေါ့ပေါ့တန်တန်ကစားမယ့် အနေအထားတော့ မရှိပါဘူး။ ဒတ်ချ်ကလပ် အယ်လ်ခမာအသင်းကတော့ လတ်တလော ပြိုင်ပွဲစုံ (၄)ပွဲဆက် အရေးနိမ့်ထားပြီး အခြေအနေဆိုးနေတယ်။ စပါးကိုပဲ ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
