ဆိုင်ကလုန်းမုန်တိုင်း ဒါနာအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလကသတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်းအတွင်း အောက်တိုဘာ (၂၂) ရက် ညနေကစပြီး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ယာယီရပ်နားထားရကြောင်းသိရသည်။
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသော်လည်း ယင်းမုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းတလျှောက်၌ လှိုင်းအမြင့် (၁၅) ပေအထိ ဖြစ်ပေါ်လာနိုင်ကာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလကသတိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
“မုန်တိုင်းရဲ့ လေတိုက်နှုန်းက များသည်ဖြစ်စေ နည်းသည်ဖြစ်စေ၊ ဒီဘက်ကို သက်ရောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သဘာဝဘေးကို သတိနဲ့ကြိုတင်ရှောင်တာ” ဟု ဖျာပုံမြို့နယ်မှ ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဓိကအားဖြင့် လပွတ္တာ၊ ဖျာပုံ၊ ပြင်စလူ၊ ဟိုင်းကြီးကျွန်း စသည့် ဒေသများက ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ကို ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်ဟုလည်း သူက ပြောသည်။
လက်ရှိတွင် မိုး/ဇလ၏ ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” အရှိန်ကြောင့် ယနေ့ နံနက်မှ နောက် (၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း(မြောက်ပိုင်း)၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေမှာ တစ်နာရီလျှင် မိုင် (၅၀)မှ (၅၅) မိုင်အထိ တိုက်ခတ်နိုင်ရာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၁) ပေမှ (၁၅) ပေခန့်ရှိနိုင်ကြောင်း ထုတ်ပြန်အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
