ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အနီးတဝိုက်တွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် TNLA ၊ PDF ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်းကြောင့် ယမန်နေ့ အောက်တိုဘာ (၂၃)ရက်နေ့တွင် ဒေသခံပြည်သူ ရာနှင့်ချီ၍ တိမ်းရှောင်နေကြကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
အဆိုပါ စစ်ရှောင်ပြည်သူများမှာ ဒုတိယအကြိမ် တိမ်းရှောင်ကြရခြင်းဖြစ်ပြီး၊ နောင်ပိန် စစ်ရှောင်စခန်းအပါအဝင် နီးစပ်ရာစခန်းများ၊ ဆွေမျိုးသားချင်းများထံ အသီးသီးတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု ဆိုသည်။
နောင်ချိုမှ (၁၅)မိုင်ခန့်ဝေးသည့် နောင်ပိန် စစ်ရှောင်စခန်းများဆီသို့ ဂုတ်တွင်း-ကျောင်းကုန်း-လုံချိန်-ပင်ပိန်-နောင်ပိန်လမ်းအတိုင်း လာရောက်ကာ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
“အခု တပ်မတော်ဘက်က နောင်ချိုကို ပြန်သိမ်းဖို့ အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာ။ ဟိုဘက်အဖွဲ့တွေကလည်းအင်အားဖြည့်တယ်။ ဒါပေမယ့် ခံစစ် အနေအထားအရ မြို့ကို လက်မလွှတ်ရရေး ခုခံနေတာပေါ့။ ကြားထဲက မြို့ခံတွေကတော့ အခု ရှောင်နေရပြီ။ ကျွန်တော်တို့ဆီကို ရှောင်လာတာကတော့ အိမ်ထောင်စု (၃၀)ဝန်းကျင်လောက်ရှိတယ်။” ဟု ၎င်းက ရှင်းပြသည်။
နောင်ပိန် စစ်ဘေးရှောင်စခန်းများအနေဖြင့်လည်း တိုးမြင့်လာသည့် စစ်ရှောင်အရေအတွက်နှင့် ရရှိလာသည့် အလှူငွေထောက်ပံ့မှုအား မမျှတသဖြင့် ကိုယ့်စရိတ် ကိုယ်စားစနစ် စီစဉ်ရန်ရှိနေသော်လည်း လက်ရှိ အလှူရှင်များ၏ ထောက်ပံ့မှုများရှိနေခြင်းကြောင့် အဆိုပါစနစ်ကို ကျင့်သုံးရန် အကောင်အထည် မဖော်သေးကြောင်း ဆိုသည်။
အောက်တိုဘာ ၂၄ ရက် နေ့လည်ပိုင်းကလည်း တပ်မတော်မှ နောင်ချိုဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် TNLA အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း လူမှုကွန်ရက်သတင်းများအရ သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
