ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းတွင် အပူပိုင်းမုန်တိုင်းထရာမီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းသောင်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။
ကယ်ဆယ်ရေးသမားများက မုန်တိုင်းအတွင်း ပိတ်မိနေသော ဒေသခံများကို ကယ်တင်နိုင်ရန် အောက်တိုဘာ ၂၃ ရက်က ရင်ဘတ်အထိ နက်သောရေများအတွင်း လှည့်လည်သွားလာခဲ့ကြသည်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ကျေးရွာ အများအပြား ရေနစ်မြုပ်ခဲ့သည်။
ဖိလစ်ပိုင်မြောက်ပိုင်းတွင် လူ ၃၂၀၀၀ ထက်မနည်း နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မနီလာမြို့တော်အရှေ့တောင်ပိုင်း ၂၄၉ မိုင်အကွာရှိ ဘီကိုလ်ဒေသတွင် မကြုံစဖူး ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးဆောင်ရွက်ချက်များ အဟန့်အတားကြုံတွေ့ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ကျွန်တော်တို့က ရဲတပ်ဖွဲ့ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ထားပါတယ်။ဒါပေမဲ့ ရေက အရမ်းကို မြင့်တက်နေပြီး ရေစီးကြောင်းက အရမ်းပြင်းထန်တဲ့အတွက် အချို့နေရာတွေကို ရောက်ရှိဖို့ မလွယ်ပါဘူး"ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူဝီဆာကာလူဘာကတ်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
ဘာတိုမှ ကီလိုမီတာ ၄၀ ခန့်ကွာဝေးသည့် နာဂမြို့တွင် ကျေးရွာ ၃၀၀ နီးပါး အပြည့်အဝ ရေနစ်မြုပ်ခဲ့သည်ဟု ဆိုသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
