အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် အောက်တိုဘာ ၂၃ ရက်က အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုကြုံတွေ့နေရသည်ဟု သိရသည်။
မီးရှူးမီးပန်းပစ်ဖောက်မှုများနှင့် လယ်သမားများ၏ ကောက်ပဲသီးနှံအကြွင်းအကျန်များ မီးရှို့ဖျက်ဆီးမှုကြောင့် လေထုညစ်ညမ်းရခြင်းဖြစ်သည်။
ယင်းလေထုညစ်ညမ်းမှုသည် ယခုနှစ်ဆောင်းရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်အရှိဆုံးအဆင့်ဖြစ်ကြောင့် လေထုအရည်အသွေးစောင့်ကြည့်လေ့လာသူများက ပြောကြားခဲ့သည်။
လမ်းသွားလမ်းလာများသည် နှစ်စဉ်လူပေါင်းထောင်ချီကို သေဆုံးစေသည့် အဆိပ်ရှိ မြူမှုန်များကို ဖြတ်သန်းကာ လုပ်ငန်းခွင်များသို့ သွားရောက်လျက်ရှိပြီး လူအနည်းစုသာ နှာခေါင်းစည်းများတပ်ဆင်ထားကြသည်။
နယူးဒေလီမြို့တော်သည် နှစ်စဉ်အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုကြုံတွေ့နေရပြီး အထူးသဖြင့် အိမ်နီးချင်းဒေသများမှ လယ်သမားများ၏ ကောက်ပဲသီးနှံအကြွင်းအကျန်များ မီးရှို့ဖျက်ဆီးမှုကြောင့်ဖြစ်သည်။
ယခုနှစ်နိုဝင်ဘာ ၁ ရက်တွင် ကျရောက်မည့် ဟိန္ဒူမီးထွန်းပွဲတော် ဒီပါဝလီကာလအတွင်း လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
