မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ကြက်တောင်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဘာ (၁၈)ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သက်ထားသူဇာသည် မူလက နီပေါ International Challenge ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း မယှဉ်ပြိုင်ဖြစ်တော့ဘဲ အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ပြိုင်ပွဲ(၂)ပွဲကိုမူ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ထားသူဇာသည် အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာ (၂၀) ရက်မှ (၂၄) ရက်အထိကျင်းပမည့် International Challenge ပြိုင်ပွဲ၊ နိုဝင်ဘာ (၂၆) ရက်မှ ဒီဇင်ဘာ (၁) ရက်အထိကျင်းပမည့် HSBC BWF World Tour Super 300 ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၎င်းအနေဖြင့် ယခုနှစ်အတွင်း ကျင်းပသည့်ပြိုင်ပွဲများတွင် ယူဂန္ဓာ၊ ကင်ညာ၊ မောရစ်သျှ၊ ဘီနင်၊ အိုင်ဗရီကို့စ်၊ အီဂျစ်စသည့် ပြိုင်ပွဲများတွင် ဗိုလ်စွဲထားသည်။
လက်ရှိ ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် တစ်ဦးချင်း၌ အဆင့်(၆၇)၊ နှစ်ယောက်တွဲ၌ အဆင့်(၃၂၇)နေရာများ၌ ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
