ယခုနိုင်ငံတကာရက်သတ္တပတ်အပြီးတွင် လီဗာပူးလ်အသင်းမှာ အဓိက ကစားသမားများ ဒဏ်ရာရသည့် ပြဿနာကို ကြုံတွေ့ရဖွယ်ရှိကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဆာလာမှာ အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲကစားရန် အီဂျစ်နိုင်ငံသို့ ပြန်ခဲ့သော်လည်း သူ၏ဒဏ်ရာအခြေအနေကြောင့် ပါဝင်မကစားနိုင်ခဲ့ဘဲ အနားယူနေရကြောင်း သိရှိရသည်။
အီဂျစ်နှင့် ကင်ညာအသင်းတို့ ကစားခဲ့သော ခြေစစ်ပွဲတွင် ဆာလာမှာ မပါဝင်နိုင်ခဲ့သလို၊ အီဂျစ်လက်ရွေးစင်ကစားသမားများ လေ့ကျင့်ခန်းဆင်းရာတွင်လည်း ၎င်းမှာ မပါဝင်နိုင်ဘဲ ကွင်းဘေးမှာပင် ထိုင်၍ စောင့်ကြည့်နေရကြောင်း သိရသည်။
ကွင်းဘေးစည်းရှိ အရန်ခုံတန်းတွင်ထိုင်နေသော ဆာလာမှာ ဘယ်ဘက်ခြေထောက်ကို ဒဏ်ရာအကာအကွယ်ပေးသည့် ဘွတ်ဖိနပ်ဝတ်ဆင်ထားသည်ကို တွေ့ခဲ့ရပြီး လီဗာပူးလ်ပရိသတ်များအတွက် စိုးရိမ်စရာဖြစ်ခဲ့ရသည်။
ဆာလာသည် နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ လီဗာပူးလ်အသင်းတွင် ကစားစဉ်ကတည်းက ယင်းဒဏ်ရာပြဿနာရှိနေခြင်းဖြစ်ကြောင်း သိရှိရ သည်။
လီဗာပူးလ်အသင်း၏ ဘယ်နောက်ခံလူ စကော့တလန်လက်ရွေးစင်အသင်းခေါင်းဆောင် ရောဘတ်ဆန်မှာလည်း ဒဏ်ရာပြဿနာကြောင့် စကော့တလန်လက်ရွေးစင်အသင်း လူစာရင်းမှ နုတ်ထွက်ခဲ့ရကြောင်း သိရှိရသည်။
ရောဘတ်ဆန်မှာလည်း ခြေချင်းဝတ်ဒဏ်ရာပြဿနာ ရှိနေခြင်းဖြစ်ပြီး လေ့ကျင့်ခန်းမဆင်းနိုင်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
ရောဘတ်ဆန်က သူ၏ခြေချင်းဝတ်မှာ ရောင်ကိုင်းနေ၍ စကော့တလန်အသင်း ၏ ခြေစစ်ပွဲများတွင် ပါဝင်မကစားနိုင်ခဲ့ကြောင်း ပြော ကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက အင်္ဂလန်အသင်းစားသောက်ဆောင်တွင် မန်စီးတီးတောင်ပံကစားသမား စတာလင် နှင့် ပြဿနာဖြစ်ပွားခဲ့သော နောက်ခံလူ ဂျိုးဂိုးမက်ဇ်မှာလည်း ဒဏ်ရာရရှိ၍ ကိုဆိုဗို - အင်္ဂလန်ပွဲမတိုင်မီ အသင်း လူစာရင်းမှ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ယင်းပွဲအ တွက် လေ့ကျင့်နေစဉ် အက်သလက်တီကိုနောက်ခံလူ ထရစ်ပီယာ၏ ဖျက်ထုတ်မှုကြောင့် ဂျိုးဂိုးမက်ဇ်မှာ ဒူးတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါ ဆန်မှာလည်း ကိုဆိုဗို - အင်္ဂလန်ပွဲမတိုင်မီ ဖျားနာနေ၍ အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းတွင် ကင်မရွန်းနောက်ခံလူ မာတစ်၊ ဆွစ်ဇာလန်ကွင်းလယ်လူ ရှာကီရီတို့မှာလည်း ဒဏ်ရာပြဿနာများ ရှိနေကြကြောင်း သိရှိရသည်။
သို့ဖြစ်ရာ လာမည့်နိုဝင်ဘာ(၂၃)ရက် (စနေနေ့)တွင်ကစားမည့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် လီဗာပူးလ်အသင်းမှာ ကစားသမားများ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း Mirrorသတင်းစာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
