ပေါ်တူဂီလက်ရွေးစင်အသင်း၏ တိုက်စစ်မှူး စီရော် နယ်လ်ဒိုက သူသည် အီရန်လက်ရွေးစင်အသင်း၏တိုက်စစ်မှူး အလီဒါယီတင်ရှိထားသည့် လက်ရွေးစင်သွင်းဂိုးအများဆုံးစံချိန်ကို သေချာပေါက်ကျော်ဖြတ်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ယင်းစံချိန်ကို ကျော်ဖြတ်နိုင်သည်အထိ ကစားသွားရန် ဆန္ဒရှိ၊ မရှိကို မီဒီယာများက မေးမြန်းခဲ့ရာ စီရော်နယ်လ်ဒိုက ''စံချိန်အားလုံးဟာ သေချာပေါက် ရိုက်ချိုးခံရမှာပါပဲ။ ဒီစံချိန်ကို တော့ ကျွန်တော်က ကျော်ဖြတ်မှာပါ''ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ယခုနှစ်အတွင်းတွင် ပေါ်တူဂီအသင်းအတွက် အံ့အားသင့်ဖွယ် အရေအတွက်ဖြစ်သည့် သွင်းဂိုး (၁၄)ဂိုးအထိသွင်းယူခဲ့ပြီးနောက် လက်ရွေးစင်သွင်း ဂိုးအရေအတွက်မှာ (၉၉)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။
ယင်းအတွက်ကြောင့် (၁၀၉)ဂိုးသွင်းယူခဲ့သည့် အလီဒါယီ ၏ စံချိန်ကို မီရန်အတွက် (၁၀)ဂိုးသာ လိုတော့ပြီး ကျော် ဖြတ်နိုင်ရန်အတွက်မူ (၁၁)ဂိုးလိုအပ်လျက်ရှိသည်။
လက်ရှိအချိန်တွင် နိုင်ငံတကာ ဘောလုံးလော က၏ သမိုင်းတွင် သွင်းဂိုး (၁၀၀)ပြည့်မြောက်သည့် ကစား သမားမှာ အလီဒါယီတစ်ဦးသာရှိနေကြောင်းလည်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအသင်းအတွက် နောက်တစ်ပွဲကို ၂၀၂၀ မတ်လအတွင်းမှ ပြန်လည်ကစား ရတော့မည်ဖြစ်ပြီး ယင်းပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပါက နိုင်ငံ တကာ ဂိုး (၁၀၀)ပြည့်သည့် ဒုတိယမြောက်ကစားသမား ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အလီဒါယီသည် အာရှဘောလုံးလောကတွင် ထင်ရှားသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သလို၊ အီရန်အသင်း၏အကောင်းဆုံးအချိန်များတွင် ဦးဆောင်ကစားခဲ့သူဖြစ်သည်။
သူသည် အာမေးနီးယား၊ ဘိုင်ယန်မြူးနစ်၊ ဟာသာဘာလင် စသည့် ဂျာမန်ကလပ်များတွင်လည်း ကစားခဲ့ဖူးသည်။
လက်ရွေးစင်သွင်းဂိုးအများဆုံးကစားသမားများ
အဆင့် အမည် နိုင်ငံ ပွဲ ဂိုး
၁ အလီဒါယီ အီရန် ၁၄၉ ၁၀၉
၂ စီရော်နယ်လ်ဒို ပေါ်တူဂီ ၁၆၄ ၉၉
၃ ပွတ်ရှ်ကပ်စ် ဟန်ဂေရီ ၈၅ ၈၄
၄ ကာမာမိုတို ဂျပန် ၈၄ ၈၀
၅ ချီတာလူ ဇမ်ဘီယာ ၁၁၁ ၇၉
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
