မန်ယူအသင်းသည် တနင်္လာနေ့က ထုတ်ပြန်လိုက်သော နောက်ဆုံးဘဏ္ဍာရေးရှင်းတမ်းအရ အကြွေးပေါင်သန်း(၁၄၀)နီးပါး ထပ်တိုးလာခဲ့ကြောင်း သိရှိရသည်။
မန်ယူအသင်းသည် ၂၀၁၉-၂၀ ရာသီ၏ ပထမ(၃)လပတ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်လိုက်ရာ ယခင်က အေကြွေးပမာဏ ပေါင်(၂၄၇.၂)သန်းသာရှိရာမှ ယခုအခါ ပေါင်(၃၈၄.၅)သန်းအထိ ရှိလာခဲ့ကြောင်း သိရှိရသည်။
ယင်းအတွက်ကြောင့် မန်ယူအသင်း၏ကြွေးမြီပမာဏမှာ (၅၅)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်၏စီမံခန့်ခွဲမှုများကို မနှစ်သက်သည့် အသင်းပရိသတ်များအတွက် ပိုမိုဒေါသထွက်စရာဖြစ်စေခဲ့သည်။
မန်ယူအသင်းသည် လူကာကူနှင့် ဆန်းချက်ဇ်တို့ကို အရောင်း/အငှားပြုလုပ်ခြင်းဖြင့် လစာငွေပေးချေရမှုကို လျှော့ချနိုင်ခဲ့သလို၊ ဝင်ငွေလည်းပိုမိုရရှိအောင် စွမ်းဆောင် နိုင်ခဲ့သော်လည်း ကစားသမားသစ်များ ခေါ်ယူခဲ့ခြင်းကြောင့် အကြွေးပိုတိုးလာခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀ ရာသီ၏ ပထမ(၃)လပတ်တွင် မန်ယူအသင်းမှာ ဝင်ငွေ ပေါင်(၁၃၅.၄)သန်းရရှိခဲ့ပြီး ယင်းပမာဏမှာ ပြီးခဲ့သည့်ရာသီထက် ပေါင်(၄)သိန်း ပိုများခဲ့သည်။
စပွန်ဆာစာချုပ်များအပါအဝင် Commercial ဝင်ငွေမှာ ပေါင်(၈၀.၄)သန်းရှိပြီး ပြီးခဲ့သည့်နှစ်ကာလတူထက် (၅.၉)ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက်မူ မန်ယူအသင်း၏ဝင်ငွေမှာ ပေါင် ၅၆၀-၅၈၀ သန်းကြားသာ ရရှိမည်ဖြစ်သောကြောင့် ၂၀၁၉ နှစ် ပေါင်(၆၂၇.၁)သန်းထက် လျော့နည်းမည်ဖြစ်သည်။
သို့သော် မန်ယူအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမားများ ခေါ်ယူရန်အတွက် ငွေကြေးသုံးစွဲရန် စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
