ကိုဆိုဗိုအသင်းပရိသတ်များသည် အင်္ဂလန်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် လွန်ခဲ့သည့်နှစ် (၂၀)က တိုင်းပြည်၏ အကျပ်အတည်းကာလများတွင် နိုင်ငံရေးအကူအညီများပေးခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဗြိတိန်နိုင်ငံတော်သီချင်းကို သီဆိုဂုဏ် ပြုခဲ့ကြကြောင်း သိရှိရသည်။
ကိုဆိုဗိုအသင်းပရိသတ်များသည် ကွင်းအတွင်းတွင် ဗြိတိန်အလံ၊ အင်္ဂလန်အလံများကို ကိုင်ဆောင်ကာ အားပေးခဲ့ကြသည့်အပြင် အင်္ဂလန်ကစားသမားများ၏ အမည်များကိုလည်း တစ်ဦးချင်းလိုက်လံအော်ဟစ်ကာ အားပေးခဲ့ကြသည်။
ထို့ပြင် "လေးစားစွာကြိုဆိုပါသည်"၊ "ထာဝရ ကျေးဇူးတင်ပါသည် အင်္ဂလန်"၊ "လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်များ ရှင်သန်စေခဲ့သည့်နိုင်ငံ" စသည့် စာတန်းပါ ပိုစတာများကိုလည်း ကိုင်ဆောင်အားပေးခဲ့ကြသည်။
ကိုဆိုဗိုပရိသတ်များသည် အင်္ဂလန်တွင် လာရောက်ကစားခဲ့စဉ်ကလည်း မည်သည့်ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်းမရှိသလို၊ ယခုအိမ်ကွင်းပွဲစဉ်တွင်လည်း နွေးထွေးစွာကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။
ကိုဆိုဗိုနိုင်ငံသည် ယူဂိုဆလားဗီးယားပြည်ထောင်စုမှ ခွဲထွက်ခွင့်ရခဲ့သည့် နိုင်ငံတစ်ခုဖြစ်ပြီး ၁၉၉၈ ခုနှစ်မှစတင်ခဲ့သည့် ကိုဆိုဗိုစစ်ပွဲကြောင့် အကျပ်အတည်းများနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သည့် တိုနီဘလဲသည် ကိုဆိုဗိုဒေသအတွင်း လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို အကောင်အထည်ဖော်ရာတွင် အဓိကနေရာမှပါဝင်ခဲ့ရာ ယခုကဲ့သို့ ပြန်လည်ဂုဏ်ပြုပေးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
