ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဘောလုံးကွင်း၌ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီခွဲအချိန်က One Championship ပြိုင်ပွဲ၏ ၀ိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံ MMA ကစားသမား အောင်လအန်ဆန်နှင့် တောင်ငူမြို့ခံပရိသတ်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အောင်လအန်ဆန်က မြန်မာလူငယ်များအနေဖြင့် နိုင်ငံတကာနှင့်ယှဉ်ပြီး အားငယ်စိတ်မရှိဘဲ ကိုယ့်ကိုယ်ကိုယုံကြည်မှုဖြင့် ကြိုးစားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြား သည်။
''ကျွန်တော်တို့ဆီက လူငယ်တွေက တစ်ခါတလေ သူတို့မြန်မာတစ်ယောက်ဆို ပြီးတော့ အားငယ်တတ်တယ်။ အားမငယ်ပါနဲ့ လို့ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း တခြားနိုင်ငံကလူတွေလိုမျိုး အသွေးလည်းအတူတူပဲ၊ အသက်ရတာလည်း အတူတူပဲ။ ဘာမှမကွာဘူး။ သူတို့နဲ့၊ အဲဒီလိုမျိုး ကျွန်တော်တို့ကစားတဲ့လူတွေနဲ့ ကျွန်တော်တို့က သူတို့ကိုအထင်ကြီးနေမယ်ဆိုရင် ဘယ်တော့မှနိုင်မှာမဟုတ်ဘူး။ သူတို့ ရုရှားကလူတွေရှိမယ်၊ ယူအက်စ်ကလူတွေရှိမယ်၊ အာဖရိကကလူတွေရှိမယ်၊ သူတို့က ကျွန်တော့်ထက်အရမ်းပိုသာတယ်ဆိုပြီး စိတ်မှာထားရင် ဘယ်တော့မှနိုင်မှာမဟုတ်ဘူး၊ အဲ့တော့ ပြောချင်တာက ကျွန်တော့တို့ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်ကြိုးစားမယ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မယ်ဆိုရင် အောင် မြင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီ တော့ တိုက်တွန်းချင်တာ၊ အားပေးချင်တာက စိတ်မငယ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ အဲဒါပြီးရင် ကြိုးစားပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်''ဟု အောင်လအန်ဆန်က က တောင်ငူမြို့ခံပရိသတ်များနှင့်တွေ့ဆုံပွဲ တွင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
