အီတလီလူငယ်လိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသည့် Invictasauro အသင်းသည် ပြိုင်ဘက်ကလပ်ကို (၂၇-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် နည်းပြဖြစ်သူကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
Invictasauro ယူ-၁၈အသင်းသည် တက်စ်ကန်ဒေသအလယ်ပိုင်းရှိ ဂရော့ဆီတိုမြို့အခြေစိုက် လူငယ်ကလပ်အသင်းဖြစ်ပြီး နို ဝင်ဘာ ၁၆ ရက်က Marina Calcio အသင်းနှင့် ယှဉ်ပြိုင်ကစားသည့်ပွဲတွင် (၂၇-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
သို့သော် ယင်းဖြစ်ရပ်မှာ ပြိုင်ဘက်အသင်းကို လေးစားမှုမရှိခြင်းဟုသတ်မှတ်ကာ နည်းပြ ရစ်ချီနီကို ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ကြောင်း အသင်းဥက္ကဋ္ဌ ဘရိုဂယ်လီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
''နည်းပြတွေအနေနဲ့ ကလေးတွေကို လေ့ကျင့်ပေးရမယ့်အပြင် သင်ကြားမှုလည်း လုပ်ရပါမယ်။ ပြိုင်ဘက်ကို လေးစားမှုလည်း ထားရပါမယ်''ဟု ၎င်းက ဆိုသည်။
Marina Calcio အသင်းတွင် ဒဏ်ရာပြဿနာများ ကြုံတွေ့နေရပြီး Outfield Player တစ်ဦးကို ဂိုးဖမ်းခိုင်းခဲ့ရကြောင်း ESPN သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် Marina Calcio အသင်းမှာ ယင်းလိဂ်ပြိုင်ပွဲ၌ အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေပြီး Invictasauro အသင်းမှာမူ ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည့်အသင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
