ဆီနီဂေါအသင်းနှင့်အတူ အာဖရိက နိုင်ငံများဖလားခြေစစ်ပွဲ ကစားခဲ့သည့် မာနေသည် အသင်းဘတ်စ်ကားဆိုက်ချိန်တွင် ဝန်ထမ်းများအား ရေဘူးကူသယ်ပေးခဲ့ကြောင်း သိရသည်။
ဆီနီဂေါအသင်းတိုက်စစ်ကစားသမား မာနေသည် အသင်းဝန်ထမ်းများကို ရေဘူးများ ကူသယ်ပေးခဲ့သဖြင့် ပရိသတ်များ၏ ချီးကျူးခြင်းကို ခံနေရကြောင်း သိရသည်။
ဆီနီဂေါအသင်းနှင့်အတူ အာဖရိက နိုင်ငံများဖလားခြေစစ်ပွဲ ကစားခဲ့သည့် မာနေသည် အသင်းဘတ်စ်ကားဆိုက်ချိန်တွင် ဝန်ထမ်းများအား ရေဘူးကူသယ်ပေးခဲ့ကြောင်း သိရသည်။
မာနေ၏ ယင်းလုပ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို @ChrisvLFC ဆိုသည့် Twitter အကောင့်ပိုင်ရှင်က တင်ခဲ့ရာ ပရိသတ်များကြား ရေပန်းစားခဲ့ပြီး မာနေ၏ နှိမ့်ချမှုကို ချီးကျူးခဲ့ကြခြင်းဖြစ်သည်။
ChrisvLFC ဆိုသည့် Twitter အကောင့်ပိုင်ရှင်သည် အဆိုပါ ဗီဒီယိုဖိုင်နှင့် အတူ "မာနေလိုမျိုး လူသားဆန်တဲ့ သူမျိုးကို ကျွန်တော် ဒီတစ်သက်တွေ့ပါတော့မလား သံသယဖြစ်မိတယ်"ဆိုသော စာသားပါရေးတင်ခဲ့ကြောင်း သိရသည်။
မာနေသည် ဆီနီဂေါနိုင်ငံတွင် ကလေးငယ်များအတွက် စာသင်ကျောင်းနှင့် ဆေးရုံများ တည်ဆောက်ပေးခဲ့ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
