စပါးအသင်းသည် ပရီးမီးယားလိဂ်တွင် ရလဒ်များ ဆိုးရွားလျက်ရှိနေပြီး နောက်ဆုံးပရီးမီးယား လိဂ်(၅)ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့သည်။ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် စပါးအသင်းမှာ (၃)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၄)ပွဲရှုံး ရမှတ် (၁၄)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၄)နေရာသို့ ရောက်ရှိနေပြီး ပိုချက်တီနို၏ အနာဂတ်မှာလည်း လှုပ်ခတ်လျက်ရှိနေသည်။
ချယ်လ်ဆီးနှင့် မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုသည် သူ၏အသင်းဟောင်းတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရန်ထက် လန်ဒန်ကလပ် စပါးအသင်းကို ကိုင်တွယ်ရန် ပိုမိုစိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။
ဗြိတိန်သတင်းစာ Mirror တွင် ဖော်ပြခဲ့သောသတင်းအရ မော်ရင်ဟိုသည် စပါးအသင်းတွင် နည်းပြပိုချက်တီနို၏အခြေအနေကို စောင့်ကြည့်လျက်ရှိနေပြီး စပါးနည်းပြပြုလုပ်ရန် ကမ်းလှမ်းခံရပါက ချက်ချင်း လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်း၌ နည်းပြဖြစ်သူ ဇီဒန်း၏အနာဂတ်မှာလည်း လှုပ်ခတ်လျက်ရှိနေပြီး နည်းပြဟောင်း မော်ရင်ဟိုကို ရီးယဲလ်အသင်းက ပြန်လည်ခေါ်ယူဖွယ်ရှိသည်ဟု စပိန်သတင်းစာများက ဖော်ပြလျက်ရှိနေကြသည်။ သို့သော် မော်ရင်ဟို(၅၆ နှစ်)သည် ပရီးမီးယားလိဂ်တွင်သာ နည်းပြ ထပ်မံပြုလုပ်ရန် ဆန္ဒရှိနေပြီး စပါးအသင်းနည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
စပါးအသင်းသည် ပရီးမီးယားလိဂ်တွင် ရလဒ်များ ဆိုးရွားလျက်ရှိနေပြီး နောက်ဆုံးပရီးမီးယား လိဂ်(၅)ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့သည်။ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် စပါးအသင်းမှာ (၃)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၄)ပွဲရှုံး ရမှတ် (၁၄)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၄)နေရာသို့ ရောက်ရှိနေပြီး ပိုချက်တီနို၏ အနာဂတ်မှာလည်း လှုပ်ခတ်လျက်ရှိနေသည်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)ပွဲကစားအပြီး ရမှတ်(၁၄)မှတ် သာ ရရှိခြင်းမှာ စပါးအသင်းအတွက် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်ခု အတွင်း(၂၀၀၈-၀၉ ရာသီနောက်ပိုင်း) အနည်းဆုံး ရမှတ်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ရှက်ဖီးယူနိုက်တက်နှင့်ပွဲတွင် စပါးအသင်းမှာ ပထမပိုင်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်ပင်မရှိခဲ့ရာ အသင်း၏ တိုက်စစ်အားနည်းမှုကို စပါးပရိသတ်များက စိတ်ပျက်လျက်ရှိနေကြသည်။ စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အနိုင်ရနိုင်သည့်အနေအထားမှ ရမှတ်အများဆုံး ဆုံးရှုံးသည့်အသင်းအဖြစ်လည်း မှတ်တမ်းဝင်နေပြီးရ မှတ်(၁၂)မှတ်အထိ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
စပါးအသင်းနည်းပြ ပိုချက်တီနိုကို ရီးယဲလ်အသင်းကလည်း ပစ်မှတ်ထားနေရာ အကယ်၍ ဇီဒန်းနေရာ ပိုချက်တီနို ဝင်ရောက်လာခဲ့ပါက ပိုချက်တီနို၏နေရာတွင် မော်ရင်ဟိုက အစားထိုးသွားဖွယ်ရှိသည်ဟုလည်း Fox Sports သတင်းဌာနက ဖော်ပြခဲ့သည်။ မော်ရင်ဟိုအနေဖြင့် စပါးအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပါက ပရီးမီးယားလိဂ်အသင်းကြီး(၆)သင်းတွင် (၃)သင်းကို ကိုင်တွယ်ခွင့်ရသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
