ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်မအောင်ခဲ့သည့် အီတလီအသင်းသည် မန်စီနီလက်ထက်တွင် နိုင်ပွဲများဆက်နေပြီး ယူရို-၂၀၂၀ ခြေစစ်ပွဲကို သက်သောင့်သက်သာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မန်စီနီက ယူရို-၂၀၂၀ ပြိုင်ပွဲ အတွက် ယခုအချိန်ကတည်းက ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အီတလီအသင်းနည်းပြ မန်စီနီက မိမိအနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် အသင်းလူစာရင်းကို အကြမ်းဖျင်း ရွေးချယ်ထားပြီးဖြစ်ကြောင်းနှင့် စမ်းသပ်နေရန် အချိန်မရှိကြောင်း ကစားသမားများကို သတိပေးပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်မအောင်ခဲ့သည့် အီတလီအသင်းသည် မန်စီနီလက်ထက်တွင် နိုင်ပွဲများဆက်နေပြီး ယူရို-၂၀၂၀ ခြေစစ်ပွဲကို သက်သောင့်သက်သာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မန်စီနီက ယူရို-၂၀၂၀ ပြိုင်ပွဲ အတွက် ယခုအချိန်ကတည်းက ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
မန်စီနီက "အသင်းရဲ့ စွမ်းဆောင်ပိုင်းနဲ့ ပတ်သက်လို့ ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အခုအချိန်ကတည်းက ပြင်ဆင်ရတော့မှာပါ။ ကျွန်တော့်အနေနဲ့ အခုရွေးချယ်ထားတဲ့ လူစာရင်းကို အပြောင်းအလဲလုပ်သွားဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ဖို့ အချိန်သိပ်မရှိတော့လို့ပါ။ ပြီးတော့ အခုအချိန်ကနေ ၂၀၂၀ ခုနှစ်၊ ဇူ လိုင်လအထိ ကစားရမယ့် ပွဲတွေကလည်း အများကြီး မကျန်တော့ပါဘူး။ ဒီတော့ ကစားသမားသစ်တွေနဲ့ အထိုင်ကျဖို့ဆိုတာ ခက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စမ်းသပ်နေဖို့ အချိန်မရှိတော့ပါဘူး" ဟု ပြောကြားခဲ့သည်။
သို့သော် မန်စီနီက မိမိအနေဖြင့် အီတလီအသင်းတွင် ခြေစွမ်းကောင်းမွန်သည့် ကစားသမားများအတွက်လည်း တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ဆိုခဲ့သည်။ ၎င်းက "ဘာလိုတယ်လီအပါအဝင် ဘယ်ကစားသမားမဆို အီတလီအသင်းနဲ့ ထိုက်တန်တဲ့ ခြေစွမ်းရှိရင် ကျွန်တော့်အနေနဲ့ ရွေးချယ်သွားမှာပါ"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
