ဂျာမနီအသင်းသည် မနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် ဘီလာရုစ်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု (C) တွင် ပွဲစဉ်တစ်ပွဲကစားရန် ကျန်ရှိနေသော်လည်း ရမှတ် (၁၈)ဖြင့် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ဂျာမနီအသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် ယူရိုပြိုင်ပွဲသမိုင်းတွင် (၁၃)ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဂျာမနီအသင်းသည် မနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် ဘီလာရုစ်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု (C) တွင် ပွဲစဉ်တစ်ပွဲကစားရန် ကျန်ရှိနေသော်လည်း ရမှတ် (၁၈)ဖြင့် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ဂျာမနီအသင်းသည် ၁၉၆၀ ခုနှစ်က စတင်ခဲ့သည့် ယူရိုပြိုင်ပွဲတွင် စတုတ္ထအကြိမ်ဖြစ်သည့် ၁၉၇၂ ခုနှစ်တွင်မှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (ဂျာမနီအသင်းသည် ၁၉၇၂ ခုနှစ် ၁၉၈၈ ခုနှစ်အထိ အနောက်ဂျာမနီ ဆိုသည့်အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်) ဂျာမနီအသင်းသည် အဆိုပါ ၁၉၇၂ ခုနှစ်မှစကာ ယူရိုပြိုင်ပွဲအတွက် ခြေစစ်ပွဲများတောက်လျှောက်အောင်မြင်ခဲ့ပြီး ယခုကဲ့သို့ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီအသင်းသည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယူရိုပြိုင်ပွဲ (၁၂) ကြိမ် တွင် ချန်ပီယံဆု (၃) ကြိမ်နှင့် ဒုတိယ (၃) ကြိမ် အထိ ရရှိထားကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။
သို့သော် ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက မိမိတို့အသင်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်းနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသည့် အသင်းများစာရင်းတွင် မိမိတို့ အသင်း မပါဝင်ကြောင်း ပြောကြားခဲ့သည်။
ယော်ကင်လိုးက "လက်ရှိ ဂျာမနီအသင်းရဲ့ အနေအထားက ၂၀၁၀ တုန်းကနဲ့ တူပါတယ်။ ကျွန်တော်တို့အသင်းက တည်ဆောက်ဆဲအသင်း ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ ကျင်းပမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ ကျွန်တော်တို့အသင်း ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့အသင်းအနေနဲ့ ယူရိုပြိုင်ပွဲမှာ တစ်ခုခုလုပ်ပြနိုင်မယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
