ပြီးခဲ့သည့်ရာသီက ကတ်တလန်ဒါဘီပွဲစဉ်ဖြစ်သည့် ဟီရိုနာ- ဘာစီလိုနာပွဲကို မိုင်ယာမီမြို့၌ကျင်းပရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သလို ဒီဇင်ဘာ ၆ ရက်တွင်ကစားမည့် ဗီလာရီးယဲလ်-အက်သလက်တီကိုပွဲ ကိုလည်း သွားရောက်ကျင်းပခွင့်မပြုရန် မက်ဒရစ်မြို့ရှိ ကုန်သွယ်ရေး ဆိုင်ရာ တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၆ ရက်တွင်ကစားမည့် ဗီလာရီးယဲလ်-အက်သလက်တီကို လာလီဂါပွဲစဉ်ကို အမေရိကန်နိုင်ငံ မိုင်ယာမီမြို့၌ သွားရောက်ကျင်းပခွင့်ရရန် ကြိုးပမ်းမှုအား မက်ဒရစ်မြို့ရှိ တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။
လာလီဂါအနေဖြင့် အမေရိကန်အခြေစိုက် Relevant ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် စာချုပ်အရ လာလီဂါပြိုင်ပွဲကို အမေရိကန်နိုင်ငံ၌ သွားရောက်ကျင်းပခွင့် ရရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ယခုအကြိမ်မှာ ဒုတိယမြောက်ကြိုးပမ်းမှု ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ကတ်တလန်ဒါဘီပွဲစဉ်ဖြစ်သည့် ဟီရိုနာ- ဘာစီလိုနာပွဲကို မိုင်ယာမီမြို့၌ကျင်းပရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သလို ဒီဇင်ဘာ ၆ ရက်တွင်ကစားမည့် ဗီလာရီးယဲလ်-အက်သလက်တီကိုပွဲ ကိုလည်း သွားရောက်ကျင်းပခွင့်မပြုရန် မက်ဒရစ်မြို့ရှိ ကုန်သွယ်ရေး ဆိုင်ရာ တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်သည်။
ယင်းပွဲကို မိုင်ယာမီမြို့ရှိ NFL ကလပ် မိုင်ယာမီဒေါ်လ်ဖင် အသင်း၏ Hard Rock Stadium ကွင်း၌ ကျင်းပရန် ဗီလာရီးယဲလ်နှင့် အက်သလက်တီကို နှစ်သင်းစလုံးက သဘောတူထားသော်လည်း စပိန် ဘောလုံး အဖွဲ့ချုပ် (RFEF) က ခွင့် ပြုချက်မပေးသလို တရားရုံးက ပယ်ချခဲ့သောကြောင့် မူလပွဲစဉ်ရေးဆွဲထားသည့်အတိုင်း ဗီလာရီးယဲလ် အသင်း၏ Estadio dela Ceramica ၌သာ ကျင်းပရမည်ဖြစ်သည်။
သို့သော် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်ကမူ အမေရိကန် ၌ သွားရောက်ကျင်းပခွင့်ရရေး ကြိုးပမ်းမှုကို လက်မလျှော့သေးကြောင်း နှင့် ဖေဖော်ဝါရီတွင် ဆုံးဖြတ်မည့် ဆုံးဖြတ်ချက်ကိုသာ အာရုံစိုက်နေ ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) အနေဖြင့် လာလီဂါပြိုင်ပွဲအား အမေရိကန်နိုင်ငံ၌ သွားရောက်ကျင်းပခွင့်ကို စပိန်နိုင်ငံ၏ဥပဒေအရ တားဆီးပိတ်ပင်ရန် အခွင့်အာဏာရှိမရှိ လာ မည့်ဖေဖော်ဝါရီတွင် တရားရုံးက ဆုံးဖြတ်မည်ဖြစ်သည်။
ယင်းအခြေ အနေနှင့်ပတ်သက်၍ ဟာဗီယာတီဘက်စ်က "လာလီဂါအနေနဲ့ ဒီ ဆုံးဖြတ်ချက်ကို လေးစားမှုရှိပါတယ်။ သောကြာနေ့ဆုံးဖြတ်ချက်က ကျွန်တော်တို့ရဲ့ အနာဂတ်ပွဲစဉ်အတွက် အပြီးသတ်မဟုတ်သေးပါဘူး။ ရှေ့ဆက်သွားဖို့ ဖြစ်နိုင်သေးတယ်လို့ ယုံကြည်ထားလို့ ဆက်ပြီးကြိုးစားသွားမှာပါ။ ၂၀၂၀ ဖေဖော်ဝါရီကျမှ အပြီးသတ်အဖြေထွက်မှာပါ။ ဖေဖော်ဝါရီကျရင် လာလီဂါပြိုင်ပွဲကို စပိန်နယ်နိမိတ်အကျော်မှာ တရား ဝင်ကျင်းပခွင့်ရဖို့ မျှော်လင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
