ဆွမ်လမန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၁၉ ရာသီကုန်တွင် ကုန်ဆုံးခဲ့ပြီဖြစ်သောကြောင့် လာမည့်ရာသီတွင် အသင်းသစ်တစ်သင်းသို့ ပြောင်းရွှေ့မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြပြီး ဂိုးများသွင်းယူနေသည့် တောင်ပံကစား သမား ဆွမ်လမန်သည် ရာသီသစ်တွင် ပြောင်းရွှေ့ကစားမည့်အသင်းကို ယခုလအတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ဆွမ်လမန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၁၉ ရာသီကုန်တွင် ကုန်ဆုံးခဲ့ပြီဖြစ်သောကြောင့် လာမည့်ရာသီတွင် အသင်းသစ်တစ်သင်းသို့ ပြောင်းရွှေ့မည်ဖြစ်သည်။
"ရှမ်းယူနိုက်တက်အသင်းနဲ့ သက်တမ်းတိုးမှာ မဟုတ်ပါဘူး။ အသင်းသစ်တစ်သင်းကို ပြောင်းရွှေ့မှာပါ။ ဒီရာသီမှာ MNL ကို တန်းတက်လာတဲ့ ချင်းအသင်းကိုလည်း ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့မှာပါ။ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ နိုဝင်ဘာ ၁၉ ရက်မှာကစားရမယ့် မွန်ဂိုလီး ယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲပြီးမှ ဆုံးဖြတ်သွားမှာပါ။ ကမ်းလှမ်းထားတဲ့အသင်းတွေရှိပေမဲ့ ဘယ်အသင်းကို ပြောင်းရွှေ့ရမလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
ဆွမ်လမန်သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် အန်တွမ်နီဟေးလက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရနေသလို နှစ်ပွဲတွင် သုံးဂိုးအထိ သွင်းယူထားသည်။ ဆွမ်လမန်သည် နိုဝင်ဘာ ၇ ရက်က နီပေါအသင်း နှင့် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲတွင် တစ်ဂိုး၊ နိုဝင်ဘာ ၁၄ ရက်က တာဂျစ်ကစ္စတန် အသင်းနှင့်ကစားသည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
